ဂါဘရီရယ်ကတော့ အသက် ၂၂နှစ်အရွယ်သာ ရှိပါသေးတယ်။
Kyaw Ko Ko Sint

ဂါဘရီရယ်ကို အာဆင်နယ်အသင်းက ပေါင် ၂၇သန်းပေးပြီး ၅နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားတာပါ။

လိုင်လီအသင်းက ဘရာဇီး ဗဟိုနောက်ခံလူ ဂါဘီရယ်ကို အာဆင်နယ်အသင်း ဆေးစစ်မှု ပြုလုပ်ပြီးပြီ ဖြစ်ပြီး စာချုပ်ချုပ်ဆိုဖို့သာ ကျန်တော့တယ်လို့ THE SUNDAY TIMES သတင်းဌာနက ဖော်ပြလာပါတယ်။

အသက် ၂၂နှစ်အရွယ် ကစားသမားကို အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၇သန်းနဲ့ ၅နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားတယ်လို့လည်းသိရပါတယ်။

ဂါဘရီရယ်ကတော့ ဘရာဇီး ယူ-၂၀အသင်းမှာ ကစားပေးထားနိုင်သူဖြစ်ကာ ပြင်သစ်မှာလည်း ပြီးခဲ့တဲ့ ၁၈လ လောက်ကစပြီး ခြေစွမ်းပိုင်းကြောင့် စတင် ထင်ပေါ်လာသူ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အာဆင်နယ်နည်းတူ ဂါဘရီရယ်ကို နာပိုလီအသင်းက လိုက်နေပြီး အကယ်လို့ ဂါဘရီရယ် ကိုသာ မရတော့ရင် အာဆင်နယ်အသင်းက ရောင်းဖို့ စာရင်းတင်ထားတဲ့ အသက် ၂၈နှစ်အရွယ် မူစတာဖီကို အရ ခေါ်ယူဖွယ်ရှိနေတယ်လို့လည်း Daily Star သတင်းဌာနက ဖော်ပြထားပါသေးတယ်။

အာဆင်နယ်အသင်းကတော့ ရာသီသစ်အတွက် ကစားသမားသစ်ခေါ်ယူမှုအဖြစ် ချဲလ်ဆီးက ဘရာဇီးတောင်ပံ ကစားသမား ဝီလီယံကို အလွတ်ခေါ်ယူနိုင်ခဲ့ပြီး ၃နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

အခုဂါဘရီရယ်က ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့သလို အာဆင်နယ်အသင်းဟာရာသီသစ်အတွက် ကစားမသားခေါ်ယူမှုမှာ ဘရာဇီး ကစားသမားတွေချည်း‌ ခေါ်ယူထားတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါ တယ်။


Author


က္က