နေမာကတော့ ပီအက်စ်ဂျီအသင်းနဲ့ လေ့ကျင့်ခန်း ပြန်လုပ်နေပါပြီ။

နေမာကို ဥရောပ ထိပ်တန်းအသင်းကြီးတွေ ဖြစ်တဲ့ အသင်းဟောင်း ဘာစီလိုနာ၊ ရီးရဲမက်ဒရစ်နဲ့ ဂျူဗင်တပ်တို့က အပြိုင်လိုချင်နေကြတာပါ။

ပီအက်စ်ဂျီအသင်းမှာ မပျော်ရွှင်တော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘရာဇီး တိုက်စစ်မှူး နေမာကတော့ အီတလီကို ရောက်ရှိဖို့ နီးစပ်နေတယ်လို့ အီတလီသတင်းတွေက ဖော်ပြပါတယ်။ အီတလီ အခြေစိုက် Ria Sport ရဲ့ ဖော်ပြချက်အရ နေမာရဲ့ အဖေဟာဂျူဗင်တပ် အားကစား ဒါရိုက်တာနဲ့ တွေ့ဆုံဖို့ တူရင်ကိုထွက်ခွာမယ်လို့ သိရပါတယ်။



“ နေမာရဲ့ အဖေကတော့ ဥရောပကို လာရောက်ဖို့ ရှိနေပါတယ်၊ ဘာကာက ပြန်လိုချင်နေသလို ရီးရဲကလည်း လိုချင်နေပေမယ့်ဂျူဗင်တပ် အားကစား ဒါရိုက်တာနဲ့ တွေ့ဆုံဖို့တော့ ရှိပါတယ်။” လို့ Ria Sportရဲ့ သတင်းထောက် ပေါလ်ပါဂါနီနီက ရေးသားဖော်ပြလာတာပါ။ နေမာကတော့ ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ယူရို ၂၂၂သန်းနဲ့ ပြောင်း ရွှေ့သွားပြီး ကမ္ဘာ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က