ဂျူဗီက စိတ်ဝင်စားမှုတွေ ပြသလာခဲ့တာပါ။

ဂျူဗင်တပ်စ်နည်းပြဆာရီက အသင်းကို ချန်ပီယံလိဂ်မှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် ကစားသမားသစ်တွေ ထပ်မံလိုချင်နေပါတယ်။

အာရွန်ရမ်ဆေး နဲ့ အန်ဒရီယန်ရာဘီယော့တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် စီးရီးအေချန်ပီယံဂျူဗင်တပ်စ်အသင်းက သူတို့အသင်းကွင်းလယ်လူကို ထပ်မံအားသစ်လောင်းဖို့အတွက် ကြိုးစားနေဆဲဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နည်းပြဆာရီက အသင်းကို ချန်ပီယံလိဂ်မှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် ကစားသမားသစ်တွေ ထပ်မံလိုချင်နေပါတယ်။



ဆာရီရဲ့ နောက်ထပ်ပစ်မှတ်အသစ်ကတော့ စပါးအသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဒိန်းမတ်ကွင်းလယ်လူအဲရစ်ဆန်ဖြစ်ပါတယ်။ အဲရစ်ဆန်ဟာ စပါးကနေ ထွက်ခွာချင်တယ်လို့ အတိအလင်းဝန်ခံပြောကြားထားသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ်လို့ နာမည်ထွက်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ စပါးမှာပဲ ဆက်လက်ရှိနေပါတယ်။

အသက် (၂၇)နှစ်အရွယ်ကစားသမားကို ရီးရဲလ်မက်ဒရစ်က ပေါ့ဂ်ဘာကို ခေါ်ယူဖို့ မဖြစ်နိုင်မှသာ ပြောင်းလဲခေါ်ယူဖို့ ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။ ဂျူဗီကလည်း ပေါ့ဂ်ဘာကို လက်လျှော့ခဲ့ပြီးနောက် အဲရစ်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး စပါးက သူတို့ကစားသမားအတွက် ပေါင်သန်း (၁၀၀)အထိ ဈေးနှုန်းသတ်မှတ်ထားပါတယ်။

တော့တင်ဟမ်မှာ (၆)နှစ်ကြာကစားပေးခဲ့တဲ့ အဲရစ်ဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကွင်းလယ်လူတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဂိုးသွင်းယူမှုအပိုင်းမှာရော၊ ဖန်တီးပေးနိုင်မှုစွမ်းရည်ပါ မြင့်မားတဲ့ ကစားသမားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ တော့တင်ဟမ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ

ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ထိပ်ဆုံး (၄)သင်းစာရင်းအတွင်း ဝင်ရောက်စေရန်လည်း စွမ်းဆောင်ခဲ့သူပါ။

အဲရစ်ဆန်ရဲ့ ခြေစွမ်းကို ချယ်လ်ဆီးနည်းပြဘဝမှာ ဆာရီက မြင်တွေ့ခဲ့ဖူးပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ်မှာ နှစ်သက်နေတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ ပိုချက်တီနီုက အဲရစ်ဆန်အသင်းမှာဆက်ရှိနေဖို့ ကြိုးစားနေပြီး လစာတိုးမြှင့်ပေးချေကာ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် အားထုတ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က