အေဂျက်ဇ်နဲ့ စာချုပ်ကိစ္စ နောက်ဆုံးအဆင့်ကို ဆွေးနွေးနေပါပြီ။

ဒီလစ်ကို စာချုပ်ဖျက်သိမ်းကြေး ပါင် (၁၃၅)သန်းအထိ သတ်မှတ်သွားမယ်လို့ သိရပြီး ပြောင်းရွှေ့ကြေးအနေနဲ့ ယူရိုသန်း (၇၀)အထိ ဂျူဗင်တပ်စ်က ပေးချေရမှာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်း နဲ့ အေဂျက်ဇ်နောက်ခံလူ ဒီလစ်တို့ဟာ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ Sky Italy ရဲ့ ဖော်ပြချက်အရ ဒီလစ်ကို (၅)နှစ်စာချုပ်နဲ့ ဂျူဗီက ခေါ်ယူသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခလစာ ယူရို (၁၂)သန်းအထိ


ပေးချေသွားမယ်လို့လည်း သိရပါတယ်။

ဒီလစ်ကို စာချုပ်ဖျက်သိမ်းကြေး ပါင် (၁၃၅)သန်းအထိ သတ်မှတ်သွားမယ်လို့ သိရပြီး ပြောင်းရွှေ့ကြေးအနေနဲ့ ယူရိုသန်း (၇၀)အထိ ဂျူဗင်တပ်စ်က ပေးချေရမှာဖြစ်ပါတယ်။ ဒီလစ်အနေနဲ့ လက်ရွေးစင်အသင်းဖော် ဗန်ဒိုက်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၅)သန်းကိုတော့ ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပေမယ့် လူငယ်ကစားသမားတစ်ဦးအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတော့ ဖြစ်လာမှာပါ။

အေဂျက်ဇ် နဲ့ ဂျူဗင်တပ်စ်တို့ကြားမှာ နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေကို ပြုလုပ်နေတယ်လို့ သိရပြီး မကြာမီရက်ပိုင်းအတွက် သဘောတူညီမှုရရှိတဲ့ အသင်းကို ကြေညာသွားဖွယ်ရှိနေပါတယ်။ အသက် (၁၉)နှစ်အရွယ် နယ်သာလန်ခံစစ်မှူးဟာ တူရင်မှာ ကမ္ဘာကျော်ကစားသမား ရော်နယ်ဒိုနဲ့ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားရတော့မှာလည်း ဖြစ်ပါတယ်။

နည်းပြသစ်ဆာရီလက်ထက်မှာ ဒီလစ်က ပထမဆုံးခေါ်ယူခံရမယ့် ကစားသမားဖြစ်လာမှာဖြစ်ပြီး ဒီမတိုင်ခင်မှာတော့ ရမ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗီက ခေါ်ယူထားပြီးဖြစ်ပါတယ်။ ဒီလစ်အနေနဲ့ နေးရှင်းလိဂ်ဗိုလ်လုပွဲအပြီးမှာ ရော်နယ်ဒိုရဲ့ ဂျူဗီကို လာရောက်ကစားမှာလားဆိုတဲ့ မေးခွန်းကို အဖြေပြန်ပေးလိုက်ပြီလည်း ဖြစ်ပါတယ်။

ထိပ်သီးအသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ ရီးရဲလ်၊ ဘာစီလိုနာ နဲ့ မန်ချက်စတာအသင်း (၂)သင်းက ဒီလစ်ကို စိတ်ဝင်စားနေခဲ့ပေမယ့် ဂျူဗင်တပ်စ်က လက်ဦးမှုရယူခဲ့တာလည်း ဖြစ်ပါတယ်။ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဂျူဗီက ကောင်းကောင်းအသုံးချခဲ့ပြီး ဒီလစ်ကို ခေါ်ယူနိုင်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က