ဂျော်ဂျင်ဟိုကိုယ်တိုင်က ပရီးမီးယားလိဂ်ကိုစွန့်ခွာလိုတယ်လို့ ဆိုထားဖူးပါတယ်။
Win Kyaw Min

အီတလီလက်ရွေးစင်ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် ကစားသမားတစ်ဦး အလိုက်ပေးဖို့အထိ ရှိနေခဲ့တာပါ။

ဂျူဗင်တပ်အသင်းအနေနဲ့ ရာသီသစ်အင်အားဖြည့်တင်းမှုအဖြစ် ချဲလ်ဆီးအသင်းရဲ့ အီတလီလက်ရွေးစင်ကွင်း လယ်လူဂျော်ဂျင်ဟိုကို ပြောင်းရွှေ့ကြေးအပြင် ကွင်းလယ်ကစားသမားဘာနက်ဒက်ချီကိုပါ အလို်က်ပေးကမ်းလှ မ်းဖို့ရှိနေတယ်လို့ footballitalia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ချဲလ်ဆီးကွင်းလယ်ကစားသမားဖြစ်သူ ဂျော်ဂျင်ဟိုအနေနဲ့ အသင်းရဲ့အဓိက,ကစားသမားတစ်ဦးအဖြစ် ပွဲထွက် ကစားခွင့်ရရှိနေခဲ့သော်လည်း နည်းပြသစ်လမ်းပတ်လက်ထက် ဒုတိယဦးစားပေးကစားသမားအဖြစ်သာရှိနေခဲ့ သလို ပရိသတ်အချို့နဲ့လည်း အဆင်မပြေဖြစ်နေခဲ့သူဖြစ်ပါတယ်။



ဂျူဗင်တပ်အသင်းနည်းပြဆာရီကတော့ နာပိုလီ၊ ချဲလ်ဆီးအသင်းတွေမှာ အတူလက်တွဲပြီးအောင်မြင်ခဲ့တဲ့ တပ ည့်ဟောင်းဖြစ်သူ ဂျော်ဂျင်ဟိုကို ပြန်လည်ခေါ်ယူလိုနေပြီး စီးရီးအေအတွေ့အကြုံရှိကစားသမားတစ်ဦးဖြစ်တဲ့အ တွက် မှန်ကန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ပါတယ်။

Gazzetta dello Sport ရဲ့ဖော်ပြချက်မှာတော့ ဂျူဗင်တပ်အနေနဲ့ ဘာနက်ဒက်ချီအပြင် ယူရိုသန်း ၄ဝနီးပါးအ သုံးပြုဖို့ရှိနေတယ်လို့ အစောပိုင်းသတင်းတစ်ရပ်အဖြစ် ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြောင်းရွှေ့ကြေး ကိုထပ်မံအတည်ပြုဖို့ရှိနေသေးလို့ ပြောင်းလဲဖော်ပြထားခဲ့ပြန်ပါတယ်။

သတင်းဖော်ပြမှုတွေအရ လာမယ့်ရာသီသစ်အတွက် ငွေကြေးအများအပြားအသုံးပြုဖို့မရှိဘူးလို့ ထုတ်ဖော်ပြော ဆိုထားတဲ့ နည်းပြလမ်းပတ်ရဲ့အတည်ပြုချက်ကြောင့် ၀ါရင့်ကွင်းလယ်ကစားသမားဖြစ်သူ ဂျော်ဂျင်ဟိုကို ချဲလ် ဆီးတို့ လက်လွှတ်နိုင်ခြေနည်းတယ်လို့လည်း သုံးသပ်ဖော်ပြမှုတွေရှိနေခဲ့ပါတယ်။


Author


က္က