အဲဗာတန် နည်းပြ အန်ဆယ်လော့တီနဲ့ ဆရာ တပည့်တွေလည်း ဖြစ်ပါတယ်။

ရီးရဲက ယူရို ၂၅သန်းအလိုရှိတယ်ဆိုပေမယ့် နှစ်သင်းကြား ဘယ်လောက်နဲ့ သဘောတူညီမှု ရခဲ့လဲဆိုတာတော့ ထုတ်ဖော်လာခြင်း မရှိသေးပါဘူး။

နှစ်သင်းကြား နောက်ဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းမှုတွေအပြီးမှာတော့ အဲဂျိမ်းရိုဒရီဂွက်ဇ် ၃နှစ် စာချုပ်နဲ့ ခေါ်ယူ နိုင်တော့မယ်လို့ ဗာတန်အသင်းက အတည်ပြုပေးလာခဲ့တယ်လို့ RUIK သတင်းဌာနက ဖော်ပြလာပါတယ်။



ဂျိမ်းကတော့ ရီးရဲနည်းပြ ဇီဒန်းရဲ့ စိတ်ကြိုက် ကစားသမားမဖြစ်တာကြောင့်လည်း သူ့အနေနဲ့ ဆရာဟောင်း ကားလို့စ် အန်ဆယ်လော့တီနဲ့ ပြန်လည်လက်တွဲခွင့်ကြုံလာတော့မှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂျိမ်းအနေနဲ့ မာဆေးဆိုဒ်ကို ရောက်ရှိလာခြင်းတော့ မရှိသေးပဲ နောက်ဆုံးအဆင့် သဘောတူညီ မှုတွေ လုပ်ဆောင်ရအုံးမယ်လို့ သိရပါတယ်။

ရီးရဲအသင်းအနေနဲ့ ဂျိမ်းအတွက် အနည်းဆုံး ယူရို ၂၅သန်း အလိုရှိပေမယ့်လည်း လက်ရှိ နှစ်သင်းကြား သဘော တူညီမှုကိုတော့ တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

ဂျိမ်းကတော့ ရီးရဲကို လွန်ခဲ့တဲ့ ၆နှစ်က ရောက်ရှိလာခဲ့ပြီး ၂၀၁၇မှာ ဘိုင်ယန်ကို အငှားချခြင်း ခံခဲ့ရသူပါ။ ဘိုင်ယန် ကို ရောက်ချိန်မှာလည်း ဆရာဟောင်း အန်ဆယ်လော့တီနဲ့ ပြန်လည်လက်တွဲခွင့်ရခဲ့ပြီး အခု တစ်ဖန် အဲဗာတန် မှာလည်း အန်ဆယ်လော့တီက သူ့တပည့်ဟောင်းကို ပြန်ခေါ်ခဲ့တာပါ။

Share

Loading Next Article...
က္က