အရှက်တကွဲအရေးနိမ့်အပြီးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မြို့ခံပြိုင်ဘက်အသင်းဆီကို ကွင်းလယ်လူ မားကို့စ်လော်ရန်တီကို ရောင်းချခဲ့ပြီးနောက်မှာ နောက်ထပ် ကစားသမားတစ်ဦးကို ထပ်မံရောင်းချဖို့ ရီးရဲလ်က ဝန်လေးနေပြီဖြစ်ပါတယ်။

နယူးဂျာစီမှာ ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ပွဲစဉ်မှာ (၇-၃) နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်က ဂျိမ်းစ်ရိုဒရီဂွက်ဇက်ကို အက်သလက်တီကိုမက်ဒရစ်အသင်းဆီ ရောင်းချသွားတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ မြို့ခံပြိုင်ဘက်အသင်းဆီကို ကွင်းလယ်လူမားကို့စ်လော်ရန်တီကို ရောင်းချခဲ့ပြီးနောက်မှာ နောက်ထပ်ကစားသမားတစ်ဦးကို ထပ်မံရောင်းချဖို့ ရီးရဲလ်က ဝန်လေးနေပြီ ဖြစ်ပါတယ်။



မြို့ခံပြိုင်ဘက်အသင်းကို အရှက်ရဖွယ် အရေးနိမ့်ခဲ့ပြီးနောက်မှာ ရီးရဲလ်က ပြိုင်ဘက်အသင်းအင်အားတောင့်တင်းစေဖို့ သူတို့ရဲ့ ကစားသမားကို မရောင်းချချင်တာဖြစ်တယ်လို့ စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်နည်းပြဆီမြွန်နီက သူ့အသင်းအတွက် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ထပ်မံအင်အားဖြည့်တင်းဖို့ ဆန္ဒရှိနေပါတယ်။ ပေါင်သန်း (၂၀၀)ကျော်အထိ အသုံးပြုထားပြီးဖြစ်ပေမယ့်လည်း ဆီမြွန်နီက အသင်းကိုဆက်လက်ပြီးကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားနေပြီး ဂျိမ်းစ်ကို နာပိုလီနဲ့အပြိုင် ခေါ်ယူချင်နေပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် နာပိုလီအသင်းတာဝန်ရှိသူတွေက မက်ဒရစ်ကို လာရောက်ပြီး ညှိနှိုင်းခဲ့ကြပေမယ့်လည်း သဘောတူညီမှုတော့ မရရှိသေးတာဖြစ်ပါတယ်။ နာပိုလီက ဂျိမ်းစ်ကို အငှားနဲ့ကနဦးခေါ်ယူပြီးမှသာ ကစားသမားရဲ့ခြေစွမ်းအပေါ်မူတည်ပြီး အပြီးသတ်ခေါ်ယူသွားဖို့ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

ရီးရဲလ်ကတော့ သူတို့ကစားသမားကို အပြီးသတ်ရောင်းချသွားဖို့မျှော်လင့်နေပြီး ယူရို (၄၅)သန်းအထိ တန်ဖိုးသတ်မှတ်ထားတာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဒါရိုက်တာဖြစ်တဲ့ ဂေးလ်မာရင်က ဂျိမ်းစ်ရဲ့အပြောင်းအရွှေ့ဟာ အသင်းဥက္ကဌပီရက်ဇ်အပေါ်မှာသာ မူတည်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်မှာ (၂)နှစ်ကြာအငှားသွားရောက်ကစားခဲ့တဲ့ ဂျိမ်းစ်ဟာ ဘာနေဗျူးကို ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် နည်းပြဇီဒန်းက သူ့အသင်းအတွက် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို မလိုအပ်တော့ဘူးလို့ ယူဆထားပါတယ်။ အက်သလက်တီကိုက ဂျိမ်းစ်အတွက် အလေးထားချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပေမယ့် ရာသီကြိုပွဲစဉ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပွဲရလဒ်အနေအထားက ဂျိမ်းစ်ရဲ့အပြောင်းအရွှေ့ကို အကျိုးသက်ရောက်မှုဖြစ်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က