တိုက်စစ်မှူး ၃ဦးအတွက် အားဖြည့်ဖို့ ရည်ရွယ်ပြီး ခေါ်ယူဖို့ လုပ်ဆောင်တာလို့ သိရပါတယ်။
Kyaw Ko Ko Sint

ဂျိုတာက ဝုလ်အသင်းနဲ့အတူ ပွဲပေါင်း ၁၃၂ပွဲကစားကာ အသင်းအတွက် ဂိုးပေါင်း ၄၄ဂိုးအထိသွင်းယူထားတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဝုလ်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူး ဂျိုတာကို ပေါင် ၄၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ထားပြီ ဖြစ်တယ်လို့ Goal.com သတင်းဌာနက အတည်ပြု ဖော်ပြလာပါတယ်။

အဆိုပါ တိုက်စစ်မှူးကို လီဗာပူးက ၅နှစ်စာချုပ်ချုပ်ဆို ခေါ်ယူဖို့ရှိပြီး ပရီးမီးယားလိဂ် ချန်ပီယံအတွက် တစ်ပတ် အတွင်း ကစားသမား ၂ဦးမြောက် ခေါ်ယူနိုင်ဖို့ရှိနေပါတယ်။

လီဗာပူးအသင်းအနေနဲ့ မနေ့ကပဲ ဘိုင်ယန်မြူးနစ်အသင်းက စပိန် ကွင်းလယ်လူ သီယာဂိုလ် အယ်လ်ကန်တာရာ ကို ၄နှစ်စာချုပ်နဲ့ ခေါ်ယူထားနိုင်တာ ဖြစ်ပါတယ်။

တိုက်စစ် နေရာစုံမှာ ကစားနိုင်တဲ့ အသက် ၂၃နှစ်အရွယ် ဂျိုတာဟာ ဝုလ်အသင်းနဲ့အတူ အထင်ကြီးစရာ စွမ်း ဆောင်မှုတွေ ပြုလုပ်ထားသူပါ။

ဝုလ်အတွက် ပွဲပေါင်း ၁၃၁ပွဲမှာ ၄၄ဂိုးအထိသွင်းယူပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ဒါ့အပြင် နှစ်သင်း တွေ့ဆုံခဲ့ စဥ်က ပွဲချိန်အတွင်း ကစားသမားရဲ့ ဆုံးဖြတ်မှုတွေနဲ့ အသင်းနဲ့အတူ လိုက်လျောညီထွေ ကစားနိုင်မှုတွေကို နည်း ပြကလော့ပ်က သဘောကျခဲ့တယ်လို့လည်း သိရပါတယ်။

လီဗာပူးအသင်းအနေနဲ့ အသင်းမှာ လက်ရှိ ရှိနေတဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဖာမီနို၊ဆာလာနဲ့ မာနေးတို့ ၃ဦးကို ပံ့ပိုး ပေးနိုင်ဖို့ တိုက်စစ်မှူးတစ်ဦးကို ထပ်မံ ခေါ်ယူအားဖြည့်ချင်နေတာပါ။

တစ်ချိန်တည်းမှာပဲ ဝက်ဖို့ဒ်အသင်းက တိုက်စစ်မှူး အစ္စမိုင်လာဆားကိုလည်း ဆက်သွယ်နေပေမယ့် ဆားအတွက် ပြောင်းရွှေ့ကြေးက များလွန်းတာကြောင့် သဘောတူညီမှု မရယူနိုင်သေးဘူးလို့သိရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က