Telegraph က အခိုင်အမာရေးသားဖော်ပြခဲ့တာပါ။

စာချုပ်ပါလျော်ကြေးအတိုင်း ဘာစီလိုနာက ပေးချေဖို့ ခေါ်ယူခဲ့တာဖြစ်ပြီးတော့ ဇူလိုင်လ (၁)ရက်နေ့မှာ တရားဝင်ခေါ်ယူသွားတော့မှာဖြစ်တယ်လို့လည်း Telegraph က အခိုင်အမာရေးသားဖော်ပြသွားခဲ့ပါတယ်။


ဘာစီလိုနာ နဲ့ အန်တိုနီယိုဂရစ်မန်းဇ်တို့ဟာ ပြောင်းရွှေ့ကြေး ပေါင် (၁၀၇)သန်းနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့သိရပါတယ်။ စာချုပ်ပါလျော်ကြေးအတိုင်း ဘာစီလိုနာက ပေးချေဖို့ ခေါ်ယူခဲ့တာဖြစ်ပြီးတော့ ဇူလိုင်လ (၁)ရက်နေ့မှာ တရားဝင်ခေါ်ယူသွားတော့မှာဖြစ်တယ်လို့လည်း Telegraph က အခိုင်အမာရေးသားဖော်ပြသွားခဲ့ပါတယ်။



လွန်ခဲ့တဲ့ (၂)လလောက်ကတည်းက အပြောင်းအရွှေ့အတွက် ကစားသမားနဲ့ နူးကမ့်ကလပ်ကြားမှာ သဘောတူညီမှု ရရှိခဲ့တာစြဖ်ပေမယ့်လည်း စာချုပ်ပါလျော်ကြေးအတွက် ညှိနှိုင်းနေခဲ့ရလို့ ကြန့်ကြာခဲ့ရတာဖြစ်ကြောင်းလည်း အဆိုပါသတင်းဌာနက ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်းမှာ ဘာကာဥက္ကဌ ဘာတိုမြူက ဂရစ်မန်းနဲ့ သဘောတူညီမှု မရှိသေးဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း Telegraph က သူတို့ရဲ့နောက်ဆုံးသတင်းအရင်းအမြစ်များအရ အပြောင်းအရွှေ့နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ ဆိုခဲ့ပါတယ်။ မေလအတွင်းမှာ ဂရစ်မန်းက အက်သလက်တီကိုကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပါတယ်။ (၅)နှစ်ကြာ ကစားခဲ့တဲ့အသင်းကို စွန့်ခွာကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထွက်ခွာမှာလည်း ဖြစ်ပါတယ်။

အသက် (၂၈)နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကစားသမားကို ပီအက်စ်ဂျီ နဲ့ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားမှု အရိပ်အယောင်တွေပြသခဲ့ပေမယ့် ကစားသမားက နူးကမ့်မှာ မက်ဆီနဲ့ တွဲဖက်ကစားဖို့ ဆန္ဒရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဘာစီလိုနာက နေမာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူတို့နှစ်ဦးလုံးသာ ရောက်ခဲ့မယ်ဆိုရင် နူးကမ့်မှာ ကြီးမားတဲ့တိုက်စစ်အတွဲအဖက်စုဖွဲ့မှုကို မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။

ဂရစ်မန်း၊ နေမာ၊ မက်ဆီ၊ ဆွာရက်ဇ်တိ့ုရဲ့ ကြောက်မက်ဖွယ်ရာတိုက်စစ်ပိုင်းကို ဘာစီလိုနာက ဖန်တီးသွားနိုင်ခဲ့မှာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ဖို့ သူတို့ရဲ့ အားထုတ်မှုကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ နေမာကို ခေါ်ယူဖို့ ကော်တင်ဟို၊ ဒမ်ဘီလီတို့လို ကစာသမားတွေကိုပါ ဘာစီလိုနာက လက်လွှတ်ခံဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က