အသင်းမှာဆက်ရှိနေစေရမယ်လို့ အာမခံခဲ့တာပါ။
Pyae Phyo Thein

ဂရစ်မန်းဟာ ဘာစီလိုနာမှာ အသင်းဖော်တွေနဲ့ အဆင်မပြေဖြစ်နေပြီး ပွဲကစားခွင့်ရရှိဖို့လည်း ရုန်းကန်နေရလို့ ထွက်ခွာရနိုင်ချေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ 


နွေရာသီမှာ အန်တိုနီယိုဂရစ်မန်းကို ရောင်းချသွားမှာမဟုတ်ဘူးလို့ ဘာစီလိုနာဘက်က ကစားသမားကို အသိပေးခဲ့ကြောင်း ပြင်သစ်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒီရာသီအစမှာေ ပါင် ၁၀၈သန်းနဲ့ ဘာစီလိုနာကိုရောက်ရှိခဲ့တဲ့ ဂရစ်မန်းဟာ အသင်းမှာ အဆင်မပြေဖြစ်နေပြီး အနာဂတ်လှုပ်ခတ်နေလို့ အသင်းဘက်က စိတ်ချလက်ချရှိနေစေဖို့ ပြောဆိုခဲ့တာလို့ သိရပါတယ်။

ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပြီးနောက် ပြင်သစ်ကြယ်ပွင့်ကိုရောင်းချမှာမဟုတ်ဘူးလို့ အာမခံခဲ့ကြောင်း ပြင်သစ်သတင်းဌာန L'Equipe ကဖော်ပြခဲ့ပါတယ်။ ဂရစ်မန်းဟာ ဘာစီလိုနာမှာ အသင်းဖော်တွေနဲ့ အဆင်မပြေဖြစ်နေပြီး ပွဲကစားခွင့်ရရှိဖို့လည်း ရုန်းကန်နေရလို့ ထွက်ခွာရနိုင်ချေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ 

ဘာစီလိုနာဟာ နေမာကို ပြန်လည်ခေါ်ယူဖို့အတွက် ငွေကြေးလိုအပ်နေပြီး ဂရစ်မန်းကိုရောင်းချကာ ရှာဖွေသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ပွဲမှာ မက်ဆီရဲ့လှလှပပဖန်တီးပေးမှုကို ဂရစ်မန်းကအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပြီး သူတို့နှစ်ဦးအတူတကွအောင်ပွဲခံခဲ့ကြပြီး ဘယ်လိုပြသနာမှမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီလိုဖြစ်ပျက်ခဲ့ပြီးနောက်မှာ ဂရစ်မန်းကို အသင်းမှာဆက်ရှိနေစေမယ်လို့ ဘာစီလိုနာဘက်က အာမခံချက်ပေးခဲ့တာလည်းဖြစ်ဖွယ်ရှိပါတယ်။ ဘာစီလိုနာနည်းပြဆက်တီယန်ကလည်း ဗီလာရီးရဲလ်နဲ့ပွဲက စွမ်းဆောင်ရည်အတွက် ကျေနပ်နေပြီး အဆိုပါခြေစွမ်းအတိုင်း လာမယ့်ပွဲစဉ်တွေမှာ ကစားပေးနိုင်ဖို့ မျှော်လင့်မိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ 


Author


က္က