ချန်ပီယံလိဂ်ကထွက်ခွာခဲ့ရတဲ့အပေါ် စိတ်ပျက်နေတယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီး နည်းပြဆာရီထုတ်ပယ်ခံရတာကာ နည်းပြသစ်အဖြစ် ပီယာလိုကို ခန့်အပ်ပြီးနောက် ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းကထွက်ပေါ်လာတာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ချင်တယ်ဆိုတဲ့ သတင်းတွေ မနေ့က ထွက်ပေါ်လာခဲ့ပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီး နည်းပြဆာရီထုတ်ပယ်ခံရတာကာ နည်းပြသစ်အဖြစ် ပီယာလိုကို ခန့်အပ်ပြီးနောက် ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းကထွက်ပေါ်လာတာဖြစ်ပါတယ်။

လိုင်ယွန်နဲ့ပွဲအပြီးမှာ အသင်းဥက္ကဌအဂ္ဂါနယ်လီကိုယ်တိုင်က ပေါ်တူဂီကြယ်ပွင့်ဟာအသင်းမှာဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်ဝေဖန်သုံးသပ်ဖို့အတွက် ရော်နယ်ဒိုက သူ့ရဲ့အင်စတာဂရမ်ကတဆင့် ရေးသားပြောဆို ခဲ့ပြီးနောက်မှာ ပီအက်စ်ဂျီနဲ့သတင်းတွေထွက်ပေါ်ခဲ့တာပါ။ 

ရော်နယ်ဒိိုဟာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးပြီး ခြေစွမ်းပြခဲ့ပေမယ့်လည်း နောက်တဆင့်ကိုတက်ရောက်နိုင်ခဲ့ခြင်းမရှိတဲ့အပေါ် စိတ်ပျက်နေတယ်လို့သိရပါတယ်။ ပေါ်တူဂီမှာကျင်းပမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်က သွားရောက်မယ်လို့သိရပြီး လစ္စဘွန်းမှာ ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုနဲ့ တွေ့ဆုံသွားမယ်လို့ Foot Mercato က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်သတင်းဌာန Le10Sport ကလည်း ဖော်ပြခဲ့ပြီး ရော်နယ်ဒိုဟာ နေမာ၊ ဘတ်ပီတို့နဲ့ တွဲဖက်ကစားချင်စိတ်တွေရှိနေတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားခင်ကလည်း ရော်နယ်ဒိုဟာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိနေခဲ့ပြီး ဗိုင်းရပ်စ်ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါအစီအစဉ်က ပျက်ယွင်းသွားခဲ့တယ်လို့ သတင်းဖော်ပြမှုတွေလည်း ပြီးခဲ့တဲ့လအတွင်းက ရှိနေခဲ့ပါတယ်။ 

အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၇ ဂိုးအထိ သွင်းယူပေးခဲ့ကာ ခြေစွမ်းပြခဲ့ပါတယ်။ ဒါပေမယ့် စီးရီးအေချန်ပီယံဆုကိုသာရယူနိုင်ခဲ့ပြီး ဥရောပအောင်မြင်မှုမရရှိခဲ့လို့ စိတ်ပျက်ဖွယ်ရာဘောလုံးရာသီဖြစ်ခဲ့ရပါတယ်။ 


Author


က္က