အသင်းကနေ သေချာပေါက်ထွက်ခွာတော့မှာပါ။
Pyae Phyo Thein

ဥရုဂွေးတိုက်စစ်မှူးဟာ စီးရီးအေကို ပြောင်းရွှေ့နိုင်ဖို့ အီတလီစကားကိုတောင် သင်ယူနေခဲ့ပြီးမှ အဆင်မပြေဖြစ်ခဲ့ရသူလည်းဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ အဆင်မပြေဖြစ်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ စီးရီးအေကို ပြောင်းရွှေ့နိုင်ဖို့ အီတလီစကားကိုတောင် သင်ယူနေခဲ့ပြီးမှ အဆင်မပြေဖြစ်ခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါကြောင့် ဘာစီလိုနာမှာသာ ဆက်လက်ကစားရဖို့ရှိနေပြီး အသင်းအတွက် ပါဝင်ကစားပေးခွင့်ရဖို့ကလည်း မသေချာဖြစ်နေခဲ့ပါတယ်။ ဆွာရက်ဇ်ကိုုယ်တိုင်က အဆိုပါအခြေအနေမျိုးနဲ့ ရင်ဆိုင်ရဖို့ကို မနှစ်သက်ဘူးလို့သိနေပြီး အသင်းမှာ ပုံမှန်ကစားခွင့်မရဘူးဆိုရင် အသင်းသစ်ရှာဖို့ ဆုံးဖြတ်ထားပြီး အက်သလက်တီကိုမက်ဒရစ်နဲ့ ဆွေးနွေးနေတာဖြစ်တယ်လို့ Fabrizio Romano က ဖော်ပြခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ရော်နယ်ကိုးမန်းရောက်ရှိလာပြီးနောက် အသင်းကထွက်ခွာဖို့ဖြစ်လာခဲ့တာပါ။ လီဗာပူးလ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက အဓိကတိုက်စစ်မှူးအဖြစ် ပြီးခဲ့တဲ့ရာသီအထိ ဆွာရက်ဇ်က ပါဝင်ကစားခဲ့ရပြီး အသင်းအတွက် ဂိုးအများအပြားသွင်းယူပေးခဲ့ကာ မက်ဆီနည်းတူအားကိုးရတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ 

အက်သလက်တိကိုမက်ဒရစ်အနေနဲ့ ကစားသမားတချို့ကို ရောင်းချဖို့ လိုအပ်နေပေမယ့်လည်း ဆွာရက်ဇ်အတွက်တော့ ကြိုးစားသွားလိမ့်မယ်လို့ Romano က ရေးသားဖော်ပြခဲ့ပါတယ်။ ဆီမြွန်နီကိုယ်တိုင်ကလည်း ဒီယေဂိုကော်စတာနဲ့ မိုရာတာတို့ ပုံမှန်ဂိုးသွင်းခြေမရှိတဲ့အပေါ် စိုးရိမ်နေပြိး ဆွာရက်ဇ်နဲ့ အားဖြည့်ဖို့အတွက် ကြံစည်လာခဲ့တာဖြစ်ပါတယ်။ 


Author


က္က