ယာယီစာချုပ်နဲ့ ပြောင်းရွှေ့တော့မှာပါ။
Pyae Phyo Thein

ဟီဂူအင်ကို ထွက်ခွာခွင့်ပေးထားခဲ့တဲ့ ဂျူဗီဟာ ဆွာရက်ဇ်၊ ကာဗာနီ၊ ဂျက်ကိုတို့လို ၀ါရင့်တိုက်စစ်မှူးတွေကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေဖြစ်နေခဲ့ပြီးနောက် ဂီရော့ဒ်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းဟာ ချယ်လ်ဆီးတိုက်စစ်မှူးဂီရော့ဒ်ကို ၂နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ Sky Italia ရဲ့ ဖော်ပြချက်အရ ယာယီစာချုပ်နဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး ဂီရော့ဒ်အတွက် ဂျူဗင်တပ်စ်က ယူရိုငါးသန်းကုန်ကျမယ်လို့ သိရကာ ပြင်သစ်တိုက်စစ်မှူးအတွက်တော့ လိဂ်အသစ်တစ်ခုကို ခြေချရတော့မှာလည်းဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ချယ်လ်ဆီးကို တီမိုဗာနာရောက်ရှိလာခဲ့လို့ ပုံမှန်ကစားခွင့်မသေချာတော့သူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲကစားပြီး ၁၀ ဂိုးအထိ ဂီရော့ဒ်က သွင်းယူပေးကာ အသင်းအတွက် အဖိုးတန်နို်င်ပွဲတချို့ကို ဆောင်ကျဉ်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။ 

ဒါပေမယ့် အေဘရာဟမ်၊ ဗာနာတို့ကို လမ်းပတ်က ဦးစားပေးအသုံးပြုဖို့ရှိနေတာကြောင့် ဂီရော့ဒ်အတွက် ဂျူဗီကို ပြောင်းရွှေ့ခဲ့တာက အခွင့်အရေးတချို့ရရှိဖွယ်ရှိနေပါတယ်။ ဟီဂူအင်ကို ထွက်ခွာခွင့်ပေးထားခဲ့တဲ့ ဂျူဗီဟာ ဆွာရက်ဇ်၊ ကာဗာနီ၊ ဂျက်ကိုတို့လို ၀ါရင့်တိုက်စစ်မှူးတွေကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေဖြစ်နေခဲ့ပြီးနောက် ဂီရော့ဒ်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဂီရော့ဒ်အနေနဲ့ တူရင်မှာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရရှိတော့မှာလည်းဖြစ်ပါတယ်။ ဒါဟာ သူ့အတွက်တော့ ပြီးခဲ့တဲ့ ၁ဝစုနှစ်တစ်ခုကျော်အတွင်း ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအဖြစ် ရပ်တည်ခဲ့တဲ့ မက်ဆီ၊ ရော်နယ်ဒိုတို့ထဲက ကစားသမားတစ်ဦးနဲ့ ပထမဆုံးအကြိမ် အသင်းဖော်တွေအဖြစ် ကစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ 


Author


က္က