အလွတ်ခေါ်ယူသွားနိုင်မယ်လို့ သိရပါတယ်။
Pyae Phyo Thein

မူလကတော့ ဆွာရက်ဇ်ဟာ ဘာစီလိုနာနဲ့ လက်ကျန်စာချုပ်တစ်နှစ်အတွက် လျော်ကြေးယူရို၁၅သန်းအထိ ရယူချင်နေတယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။


ဂျူဗင်တပ်စ်အသင်းနဲ့ ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်တို့ဟာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိသွားခဲ့ပြီလို့ သိရပါတယ်။ စပိန်သတင်းစာ Marca က ဖော်ပြခဲ့တာဖြစ်ပြီး ကစားသမားကို ချဉ်းကပ်ခဲ့ပြီးနောက် အောင်မြင်စွာစည်းရုံးနိုင်ခဲ့လို့ စီးရီးအေထိပ်သီးအသင်းဟာ နာမည်ကျော်ကြယ်ပွင့်တစ်ဦးကို ခေါ်ယူနိုင်တော့မှာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို၊ ဒီဘာလာတို့ရှိနေတဲ့ တိုက်စစ်ပိုင်းမှာ ဆွာရက်ဇ်ကိုပါ ထပ်မံပေါင်းစည်းနိုင်ခဲ့မယ်ဆိုရင်တော့ နည်းပြသစ်ပီယာလိုအတွက် ပိုမိုကောင်းမွန်တဲ့ တိုက်စစ်အတွဲအဖက်ကို ဖန်တီးတည်ဆောက်နိုင်မှာလည်းဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးကို အလွတ်ခေါ်ယူနိုင်ဖို့အတွက် ဂျူဗီက ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။


မူလကတော့ ဆွာရက်ဇ်ဟာ ဘာစီလိုနာနဲ့ လက်ကျန်စာချုပ်တစ်နှစ်အတွက် လျော်ကြေးယူရို၁၅သန်းအထိ ရယူချင်နေတယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ ဘာစီလိုနာက စာချုပ်ဖျက်သိမ်းဖို့ကိုသာ ဦးစားပေးနေခဲ့ပြီး အလွတ်ထွက်ခွာစေဖို့ကို ရည်ရွယ်ခဲ့တာဖြစ်ပြီး ဆွာရက်ဇ်ဘက်က လျော်ကြေးပေးမှသာ ထွက်ခွာနိုင်မယ်ဆိုတဲ့ အနေအထားကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ 

အခုအခါမှာ စီးရီးအေကလပ်နဲ့ သဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ဆိုတာကြောင့် ဘာစီလိုနာနဲ့ လက်ကျန်စာချုပ်ကိုဖျက်သိမ်းပြီး ဂျူဗီကို အလွတ်ပြောင်းရွှေ့နိုင်မှာဖြစ်ပါတယ်။ ဆွာရက်ဇ်အနေနဲ့ ဘာစီလိုနာမှာ ရရှိနေတဲ့ အခွန်ဆောင်အပြီး တစ်နှစ်လုပ်ခယူရို၁ဝသန်းကို ဂျူဗီမှာရရှိမယ်လို့လည်း သိရပါတယ်။ 


Author


က္က