ဂရုဇ်မန်းအတွက် မက်ဆီ အသင်းမပြောင်းတော့ခြင်းက သူပြောင်းရမယ့် လက္ခဏာ ဖြစ်လာတာပါ။

ဂရုဇ်မန်းကတော့ မက်ဆီ အသင်းမှာ ပြန်နေတော့မယ်ဆိုတဲ့စကားကြောင့် နည်းပြ ကိုးလ်မန်းကို မက်ဆီနေရာ အစားထိုးနိုင်အောင် ကြိုးစားမယ်လို့ ပေးထားတဲ့ ကတိက ဘာသွားလုပ်ရတော့မယ်မသိပဲ မနှစ်က မကောင်းမွန် ခဲ့တဲ့ ခြေစွမ်းကြောင့်လည်း အသင်းမှာ အခက်တွေ့နေစေပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာပဲ နေတော့မယ်လို့ မက်ဆီရဲ့ ဆုံးဖြတ်ချက်ကြောင့် အခြား တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ကမ္ဘာ့ ဖလားချန်ပီယံ ဂရုဇ်မန်းအနေနဲ့ အသင်းပြောင်းဖို့ ပိုမို နီးစပ်သွားခဲ့ရပြီ ဖြစ်ပါတယ်။



Daily Mail ရဲ့ ဖော်ပြချက်အရ ဂရုဇ်မန်းဟာ နည်းပြသစ် ကိုးလ်မန်းကို မက်ဆီမရှိတော့ရင် မက်ဆီရဲ့ နေရာမှာ အစားထိုး ကစားပေးနိုင်အောင် ကြိုးစားပေးသွားမယ်လို့ ကတိပေးထားတယ်လို့ သိရပါတယ်။

နည်းပြသစ်ကလည်း မက်ဆီမရှိတော့မယ့် အနာဂတ်အတွက် အသင်းကို ပြင်ဆင်နေခဲ့ပြီးမှ မက်ဆီက အခုလို အသင်းမှာ ဆက်ရှိနေတော့မယ်လို့ ပြန်လည်အတည်ပြုချိန်မှာတော့ အသင်းရှိ ကစားသမားတွေ အားလုံး အတွက် ဂယက်ရိုက်စရာ ဖြစ်သွားခဲ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ဘာစီလိုနာအသင်းက ကော်တင်ဟိုကိုရောင်းချဖို့အထိ လုပ်ထားကာမှ ကော်တင်ဟိုဟာ အငှားချထားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အထင်ကြီးစရာ ခြေစွမ်းမျိုးပြကာ ဆုဖလား ၃လုံးကို ပိုင်ဆိုင်ပြခဲ့တော့ နည်းပြ ကိုးလ်မန်းက လိုချင်သွားပြန်ပါတယ်။

ဒီအချိန်မှာ မနှစ်က နွေရာသီကမှ ပေါင် ၁၀၇သန်းနဲ့ ပြောင်းလာပေမယ့‌ ခြေစွမ်း ဟုတ်တိပတ်တိ မပြနိုင်ပဲ လာလီဂါ သွင်းဂိုး ၉ဂိုးသာရရှိထားနိုင်တဲ့ ဂရုဇ်မန်းအတွက် အခက်ဖြစ်ချိန်ပါ။

ဂရုဇ်မန်းကိုတော့ လီဗာပူးအသင်းက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် အက်သလက်တီကို အသင်းမှာ ရှိစဥ်ကတည်းက ကလော့ပ်က စိတ်ဝင်တစားရှိခဲ့ဖူးပါတယ်။

အလားတူ အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့ကလည်း ဂရုဇ်မန်းအတွက် ဘာစီလိုနာအသင်းအနေနဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုတစ်ခု ဆုံးရှုံးသွားတဲ့အနေနဲ့ အပေးအယူတစ်ခု ပြုလုပ်ကာ ရောင်းချပေးသွားဖို့ ရှိနေတယ်လို့ ယူဆ ထားကြတာပါ။

လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူ အိုင်ဗန်ရာကီတစ်ကို အသင်းဟောင်း ဆီဗီလာထံ ပြန်လည်ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ဂျူဗင်တပ်အသင်းကို ပြောင်းဖို့ နီးစပ်နေပြီး နည်းပြကိုးလ်မန်းအနေနဲ့ ကစားသ မားသစ် ခေါ်ယူမှုကိုတော့ မပြုလုပ်နိုင်သေးပါဘူး။

Share

Loading Next Article...
က္က