အသင်းမှာ တစ်ရာသီထပ်ကစားခွင့်ပေးသွားမှာပါ။
Pyae Phyo Thein

အသက် ၂ဝအရွယ် ကွင်းလယ်တိုက်စစ်ကစားသမားဟာ ဒီရာသီဘွန်ဒက်လီဂါမှာ ၁၅ ဂိုးသွင်း၊ ၈ ကြိမ်ဖန်တီးကာ ခြေစွမ်းပြခဲ့ပြီး ရာသီကုန်မှာ ဂျာမနီကလပ်ကနေ ထွက်ခွာဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။


စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းဟာ လေဗာကူဆင်အတွက် ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားကိုင်ဟာဗက်ဇ်ကို ပေါင် ၇၁ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး နောက်ထပ်တစ်ရာသီ လေဗာကူဆင်အသင်းမှာ ဆက်လက်ကစားခွင့်ပေးမယ်ဆိုတဲ့ ခွင့်ပြုချက်လည်း ပါဝ်ငခဲ့တယ်လို့ ဂျာမနီသတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။

အသက် ၂ဝအရွယ် ကွင်းလယ်တိုက်စစ်ကစားသမားဟာ ဒီရာသီဘွန်ဒက်လီဂါမှာ ၁၅ ဂိုးသွင်း၊ ၈ ကြိမ်ဖန်တီးကာ ခြေစွမ်းပြခဲ့ပြီး ရာသီကုန်မှာ ဂျာမနီကလပ်ကနေ ထွက်ခွာဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ ပြန်လည်စတင်ခဲ့တဲ့ ဘွန်ဒက်လီဂါပွဲတွေမှာ ငါးဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနေခဲ့လို့လည်း ဟာဗက်ဇ်အပေါ် ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုက ပိုမိုမြင့်တက်လာခဲ့ပါတယ်။ 

ရီးရဲလ်အနေနဲ့ ဂျာမနီထိပ်သီးဘိုင်ယန်မြူးနစ်နဲ့ အပြိုင်ကြိုးစားနေရတာဖြစ်ပြီး အနိုင်ယူနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း Bild က ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်က ကမ်းလှမ်းမှုဟာ လေဗာကူဆင်အတွက်လည်း လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာ ငွေကြေးပြန်လည်ရင်းနှီးနိုင်ဖို့ လုံလောက်တဲ့ ပမာဏဖြစ်ပြီး ဇီဒန်းဘက်က ဥရောပရဲ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးကို ရရှိမှာမို့ နှစ်ဦးနှစ်ဖက်အဆင်ပြေလိမ့်မယ်လို့လည်း ဂျာမနီသတင်းစာက ဆိုပါတယ်။

ဘိုင်ယန်မြူးနစ်ကလည်း ဟာဗက်ဇ်အတွက် ချဉ်းကပ်မှုတွေပြုလုပ်နေပြီဖြစ်ပြီး သူတို့ရဲ့အစဉ်အလာအတိုင်း ဂျာမနီကြယ်ပွင့်တွေကို ခေါ်ယူနိုင်ဦးမှာလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့် ဟာဗက်ဇ်က အခြားလိဂ်တစ်ခုခုမှာ သွားရောက်ကစားပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ဆန္ဒရှိနေတာက ဘိုင်ယန်အတွက် စိုးရိမ်စရာအချက်တစ်ခုအဖြစ်ရှိနေပါတယ်။ 

လေဗာကူဆင်အသင်းရဲ့ လက်ထောက်နည်းပြဖြစ်သူကတော့ ဟာဗက်ဇ်ရဲ့ ကစားပုံက ဇီဒန်းလိုမျိုးပဲလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ အသင်းအားကစားဒါရိုက်တာဆိုင်မွန်ရော့ဖ်လက်စ်ကလည်း သူတို့ရဲ့ကစားသမားဟာ စျေးကွက်အတွင်းမှာ ဘယ်နေရာကိုမဆို သွားရောက်နိုင်တယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ပြောဆိုထားခဲ့ပါတယ်။


Author


က္က