ဒေါ့မွန်နဲ့အပြိုင်ခေါ်ယူရမှာဖြစ်ပါတယ်။
Pyae Phyo Thein

ဟာကီမီရဲ့ တန်ဖိုးဟာ ပေါင် ၅၃.၈သန်းခန့်ရှိတယ်လို့ သိရပြီး မော်ရိုကိုလက်ရွေးစင်ဟာ ဒေါ့မွန်မှာတော့ အထင်ကြီးဖွယ်ခြေစွမ်းကို ပြသနေခဲ့ပါတယ်။


မန်ချက်စတာစီးတီးအသင်းဟာ ဒေါ့မွန်အသင်းအတွက်ခြေစွမ်းပြကစားနေတဲ့ ညာနောက်ခံလူဟာကီမီကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီလို့ သိရပါတယ်။ စပိန်သတင်းဌာန Cadena Ser က ဖော်ပြခဲ့တာဖြစ်ပြီးတော့ ရီးရဲလ်မက်ဒရစ်ကနေ အငှားနဲ့ ဒေါ့မွန်မှာ ကစားနေတဲ့ ဟာကီမီကို မန်စီးတီးက တော်တော်လေးစိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ဟာကီမီရဲ့ တန်ဖိုးဟာ ပေါင် ၅၃.၈သန်းခန့်ရှိတယ်လို့ သိရပြီး မော်ရိုကိုလက်ရွေးစင်ဟာ ဒေါ့မွန်မှာတော့ အထင်ကြီးဖွယ်ခြေစွမ်းကို ပြသနေခဲ့ပါတယ်။ ဒီရာသီမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့ပြီး ခံစစ်နဲ့တိုက်စစ်ကို ဟန်ချက်ညီအောင် ကစားနိုင်ကာ ညာခြမ်းတစ်လျှောက်မှာ အတက်အဆင်းမြန်မြန်နဲ့ မှန်မှန်ပြုလုပ်နိုင်သူလည်းဖြစ်ပါတယ်။ 

မန်စီးတီးမှာတော့ ညာနောက်ခံလူတွေအဖြစ် ကိုင်လီဝေါ်ကာ နဲ့ ကန်ဆယ်လိုတို့ ရှိနေပေမယ့် ဂွာဒီယိုလာက ဟာကီမီကို ပိုမိုအထင်ကြီးနေတယ်လို့ သိရပါတယ်။ ဝေါ်ကာအနေနဲ့ Lockdown ကာလအတွင်းမှာ အပျော်မယ်တွေ ခေါ်ယူပျော်ပါးခဲ့ပြီး စည်းကမ်းဖောက်ဖျက်ခဲ့လို့ အသင်းဘက်က စိတ်ပျက်နေတယ်လို့လည်း သိရပါတယ်။

ဟာကီမီကတော့ ရာသီကုန်မှာ ဒေါ့မွန်နဲ့ အငှားစာချုပ်ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း သူတို့ရဲ့ကစားသမားကို ပြန်လည်ခေါ်ယူမယ်လို့ ပြောဆိုထားပေမယ့် ဟာကီမီကတော့ ပုံမှန်ကစားခွင့်မရဘူးဆိုပါက အသင်းသစ်တစ်သင်းမှာ ကစားမယ်လို့ ယတိပြတ်ပြောဆိုထားခဲ့ပြီး အဆိုပါအချက်က မန်စီးတီးအတွက်တော့ အခွင့်အရေးအဖြစ် ရှိနေပါတယ်။ 

ဒါပေမယ့်လည်း အခြားသော စဉ်းစားစရာအချက်အဖြစ် မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်ကို ဝင်ရောက်ကစားခွင့်ပိတ်ပင်ခံရမှုသာ အတည်ပြုနိုင်ခဲ့မယ်ဆိုပါက ဟာကီမီကို ခေါ်ယူဖို့ ခက်ခဲဖွယ်ရှိနေပါတယ်။ ဒေါ့မွန်ကလည်း ဟာကီမီကို ဆက်လက်ခေါ်ယူထားချင်ပြီးတော့ ရီးရဲလ်နဲ့ အကျေအလည်ဆွေးနွေးရဦးမှာဖြစ်ပါတယ်။ 


Author


က္က