လပိုင်းအတွင်းမှာတင် တန်ဖိုးမြင့်တက်လာခဲ့တာပါ။
Pyae Phyo Thein

ဒါဟာ ၂၀၂၂ မတိုင်ခင်မှာ ခေါ်ယူခဲ့ပါက ပေးချေရမယ့်တန်ဖိုးဖြစ်ပြီး အဆိုပါကာလ နောက်ပိုင်းမှာ ကစားသမားရဲ့ ခြေစွမ်းပေါ်မူတည်ပြိး ထပ်မံတိုးမြှင့်ဖွယ်ရာလည်းရှိနေပါတယ်။


မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့က စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူးဟာလန်းရဲ့ တန်ဖိုးကို ဒေါ့မွန်က ပေါင် ၁၀၇ သန်းအထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၂၂ မတိုင်ခင်မှာ ခေါ်ယူခဲ့ပါက ပေးချေရမယ့်တန်ဖိုးဖြစ်ပြီး အဆိုပါကာလ နောက်ပိုင်းမှာ ကစားသမားရဲ့ ခြေစွမ်းပေါ်မူတည်ပြိး ထပ်မံတိုးမြှင့်ဖွယ်ရာလည်းရှိနေပါတယ်။

အသက် ၁၉ နှစ်အရွယ်ဟာလန်းဟာ ဒေ့ါမွန်အတွက် ပြိုင်ပွဲစုံ၁၂ပွဲကစားပြီးချိန်မှာ ၁၃ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဒေါ့မွန်အနေနဲ့ ကစားသမားရဲ့အေးဂျင့်ရွိုင်အိုလာနဲ့ နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပြီး သူတို့ရဲ့ကစားသမားကို အနည်းဆုံး ၂၀၂၂ ခုနှစ်အထိ အသင်းမှာဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိနေပါတယ်။ 

စပိန်သတင်းစာ SPORT ရဲ့ ဖော်ပြချက်မှာတော့ ပေါင် ၁၀၇ သန်းထက် ပိုမိုပေးချေမယ့်အသင်းရှိလာမယ်ဆိုရင်လည်း ဒေါ့မွန်က ၂၀၂၂ ခုနှစ်အထိစောင့်ဆိုင်းသွားမှာမဟုတ်ဘဲ ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ဟာလန်းကိုခေါ်ယူဖို့ အခွင့်အရေးရှိခဲ့ချိန်မှာ မခေါ်ယူနို်င်ခဲ့ဘဲ ဒေါ့မွန်ရဲ့လက်ဦးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။ 

ဟာလန်းရဲ့ ပရိသတ်တစ်ဦးအဖြစ် ဆိုးလ်ရှားကရှိနေခဲ့တာဖြစ်ပြီးတော့ နော်ဝေကလပ်မိုလ်ဒီမှာ လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်မှူးကို အခုအခါမှာ ပြန်လည်စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်နည်းပြဇီဒန်းကတော့ ဟာဇက်၊ ဟာလန်းနဲ့ ဘာပေတို့ကို အသင်းတိုက်စစ်ပို်င်းမှာ အသုံးပြုသွားဖို့အတွက် ရည်မှန်းထားနေတာဖြစ်ပါတယ်။ 

ရီးရဲလ်က လာမယ့်ရာသီမှာ ဟာလန်းကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး ရော်နယ်ဒိုမရှိတဲ့နေရာအတွက် ဟာလန်းက အကောင်းဆုံးအစားထိုးပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။ ဒေါ့မွန်ကတော့ ဟာလန်းကို ဆဲဘတ်ဇ်ကနေ ခေါ်ယူခဲ့စဉ်မှာ ပေါင်သန်း ၂ဝခန့်သာ ပေးချေခဲ့ရတာဖြစ်ပြီး လပိုင်းအတွင်းမှာတင် ကစားသမားရဲ့တန်ဖိုးက ပေါင်သန်းရာနဲ့ချီတဲ့အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က