ရီးရဲက ပေါင် ၈၈ သန်းနဲ့ ခေါ်ယူသွားတာပါ။

ဟာဇက်ကိုရီးရဲအသင်းက ယူရို သန်း ၁၀၀ (ပေါင် ၈၈သန်း)နဲ့ ခေါ်ယူခဲ့ပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ ၇ ရာသီကြာ ကစားခဲ့တဲ့ ဟာဇက်ရဲ့ စပိန်ကို ထွက်ခွာသွားမှုက ပရီးမီးယားလိဂ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ပြီ လားဆိုတာ BBC SPORTက စစ်တမ်းထုတ်ယူဖော်ပြလာတာပါ။

ချဲလ်ဆီးအသင်းက ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး အီဒင်ဟာဇက် စပိန်ကလပ် ရီးရဲအသင်းထံ ထွက်ခွာခဲ့မှု က ပရီးမီးယားလိဂ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ခဲ့ပြီလားဆိုတဲ့ မေးခွန်းများစွာ ထွက်ပေါ်နေခဲ့ပါတယ်။

တကယ်ပဲ ဖြစ်ပေါ်ခဲ့ပြီလားဆိုတာထက် ဟာဇက်ဟာ ပရီးမီးယားလိဂ်မှာ လူသိများ ကျော်ကြားခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး အွန်နရီထက်လည်း ဆုဖလား ပိုမို ပိုင်ဆိုင်ခဲ့သလို၊ လက်ရှိ ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒို မန်ယူ မှာ ကစားစဉ်ကထက်လည်း သွင်းဂိုးပိုမို ရယူထားနိုင်ခဲ့တာတော့ တွေ့မြင်ရတဲ့အကြောင်း BBC SPROT သတင်းဌာနက နှိုင်းယှဉ်ဖော်ပြလာပါတယ်။

ဟာဇက်နဲ့ ပရီးမီးယားလိဂ်မှတ်တမ်း

----------------------

၂၀၁၂ ခုနှစ်တုန်းက လိုင်လီအသင်းကနေ ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့လာပြီးနောက် ဟာဇက်ဟာ ပရီးမီးယားလိဂ် ဇာတ်ခုံပေါ်မှာ ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ လက်ရှိ စတမ်းဖို့ဘရစ်ချ်က ထွက်ခွာချိန်မှာတော့ သွင်းဂိုးပေါင်း ၁၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း ၈၁ ကြိမ် တို့ကို ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံမှာ စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

ဒါ့အပြင် ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလား ၂ ကြိမ်၊ ယူရိုပါလိဂ် ဆုဖလား ၂ ကြိမ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို တစ်ကြိမ်စီ ဆွတ်ခူးခဲ့ပါတယ်။

တစ်ဦးချင်း ထူးချွန်ဆုအဖြစ် ၂၀၁၄-၁၅ ဘောလုံးရာသီတုန်းက PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ကစားခဲ့တဲ့ ကာလအတွင်းမှာ အခွင့်အရေး ဖန်တီးပေးနိုင်မှု ၅၉၅ ကြိမ် ရှိခဲ့ပြီး ဒါဟာလည်း အခြား ကစားသမားအားလုံးထက် သာလွန်နေခဲ့တာပါ။ မန်စီးတီးက ဒေးဗစ် ဆေးလ်ဗား၊စပါးက အဲရစ်ဆင်တို့ထက်လည်း ပိုမို စွမ်းဆောင်ထားနိုင်ခဲ့တာပါ။

ဟာဇက်ကတော့ ဒီနှစ် ပရီးမီးယာလိဂ် ဘောလုံးရာသီမှာ ၁၆ ဂိုးသွင်းပြီး ၁၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ဒါဟာ အခြားသော ကစားသမားတွေထက် လိဂ်သွင်းဂိုးတွေမှာ ပိုမိုပါဝင် ပတ်သက်ထားနိုင်တာလည်း ဖြစ်ပါတယ်။

ဟာဇက်အနေနဲ့ ဒီနှစ် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းဖက်ကို သွင်းဂိုး ၂ ဂိုးရယူနိုင်ခဲ့ပြီးနောက် ပွဲသုံးသပ် သူ ချဲလ်ဆီးကစားသမားဟောင်း ပတ်နီဗင်က ချဲလ်ဆီးအသင်း သမိုင်းတလျှောက် အရည်အချင်း အပြည့်အဝဆုံး ကစား သမား ဖြစ်တယ်လို့ ပြောခဲ့ဖူးပါသေးတယ်။

ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမား တစ်ဦးလို့ သတ်မှတ်ထားတဲ့ ဖရန့်လမ်းပတ်အနေနဲ့ ချဲလ်ဆီးအတွက် ပိုမို ပုံရိပ် ကြီးမားသူ ဖြစ်ပေမယ့်လည်း ဟာဇက်ကတော့ ပိုပြီး ကမ္ဘာ့အဆင့် ရှိတယ်လို့လည်း သုံးသပ်ခဲ့ကြပါတယ်။



က္က