ခီဒီယာနဲ့ ဂျူဗင်တပ်အသင်းတို့ စာချုပ်က ၂၀၂၁ခုနှစ် မတိုင်ခင် ကုန်ဆုံးမယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

ခီဒီယာ ရီးရဲမှာ ရှိစဥ်က ယူနိုက်တက်က ခေါ်ယူနိုင်ရေး ကြိုးပမ်းခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့တာကို အခုတစ်ကြိမ် မှာ လွယ်လွယ်ကူကူ ခေါ်ယူနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Goal.com သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းရဲ့ အသက် ၃၃နှစ်အရွယ် ဂျာမနီ ကွင်းလယ်အင်ဂျင် ဟာ ဆက်သွားမယ့် ခရီးအတွက် လုံ‌လောက်မှု မရှိတော့တဲ့အတွက် နည်းပြသစ် ပီယာလိုက စာချုပ်သက်တမ်းတိုး ဖို့ မလုပ်ဆောင်ထားဘူးလို့ သိရပါတယ်။

စာချုပ်သက်တမ်းမတိုးဘူးဆိုရင်တော့ အဆိုပါ ကွင်းလယ်လူ ခီဒီယာကို အခြားကလပ်အသင်းတွေအနေနဲ့ လာမယ့် ၂၀၂၁ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မှာဖြစ်တာကြောင့် ဒီအခွင့် အရေးကို လက်မလွှတ်ရအောင် ယူနိုက်တက်လည်း ကြိုးပမ်းလာဖွယ်ရှိတယ်လို့ သိရပါတယ်။

ခီဒီယာကတော့ မနှစ်ကဘောလုံးရာသီမှာ ဒူးဒဏ်ရာကြောင့် ဘောလုံးကို ကောင်းကောင်းကစားခွင့်မကြုံလိုက်ပဲ တစ်ရာသီလုံးမှာမှ ၁၈ပွဲလောက်ကစားနိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း ဂျူဗင်တပ်အသင်းက ကွင်းလယ်အတွက် အာသာမယ်လိုနဲ့အမေရိကန်ကြယ်ပွင့် ဝက်ဘ်စတန် မက်ကနီးတို့ကို ခေါ်ယူထားတာကြောင့်လည်း အသင်းနဲ့ ၅နှစ်လောက်လက်တွဲလာတဲ့ ဂျူဗင်တပ်ကို ခီဒီယာ စွန့် ခွာချိန်တန်လာတာပါ။

ယူနိုက်တက်အနေနဲ့ ခီဒီယာကို ရီးရဲမှာ ရှိစဥ်တုန်းက အပြောင်းအရွှေ့ နောက်ဆုံးအချိန်အထိ လိုက်ခဲ့ဖူးပြီး မရခဲ့ ဖူးတဲ့ မှတ်တမ်းရှိခဲ့တာကြောင့် အခုတစ်ကြိမ် အခွင့်အရေးကိုရော လက်လွှတ်ခံမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်း နေပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ခေါ်ယူထားနိုင်ပြီး နောက်ထပ် ခံစစ် မှူးနှစ်ဦးနောက် ထပ်မံ အလိုရှိနေပေမယ့် ချိန်ရွယ်ထားတဲ့ ကစားသမားတွေနဲ့ အပြောင်းအရွှေ့က အဆင်မပြေဖို့ များနေတာကြောင့် ယခုအပြောင်းအရွှေ့မှာတော့ လိုချင်တဲ့ နောက်ခံလူသစ်ကို ရဖို့မရှိပါဘူး။

ဒါပေမယ့် ကွင်းလယ်ကို အားဖြည့်ချင်တယ်ဆိုရင်တော့ ခီဒီယာက အတွေ့အကြုံရင် ကစားသမားပီပီ လက်ဦးမှု ရယူထားသင့်တဲ့ ကစားသမားလို့ မီဒီယာတွေက မီးမောင်းထိုးပြနေပြီး ဆိုးလ်ရှားဘယ်လို ဆောင်ရွက်မလဲ ဆိုတာ ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။


Author


က္က