ချန်ပီယံလိဂ်ဝင်ခွင့်ရ ဒေါ့မွန်ကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာ မကစားချင်တဲ့အတွက်ကြောင့် ချန်ပီယံလိဂ်ကစားခွင့်ရမယ့် ဒေါ့မွန်အသင်းကို ဟမ်းမဲလ်က ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဟမ်းမဲလ်ဟာ အသင်းဟောင်းဒေါ့မွန်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ဟမ်းမဲလ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ ဘိုင်ယန်နဲ့ ဒေ့ါမွန်အသင်းနှစ်သင်းတည်းမှာသာ ကစားခဲ့ပြီး ဘိုင်ယန်မြူးနစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဂျာမန်နာမည်ကျော်ကစားသမားလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်မှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဟမ်းမဲလ်ဟာ အသင်းမှာ ပုံမှန်နေရာရဖို့ ခက်ခဲခဲ့ပြီးနောက် ဒေါ့မွန်ကို ပြောင်းရွှေ့သွားခဲ့ပြီး (၈)နှစ်ကြာ ကစားပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ကာ (၃)ရာသီကြာ ကစားပေးခဲ့ပြီးနောက် ဒေါ့မွန်ကို နောက်ထပ်တစ်ကြိမ်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အသက် (၃၀)အရွယ် ကစားသမားအတွက် ဒေါ့မွန်က ပေါင် (၃၃သန်းအထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ ဂျာမန်နာမည်ကျော်သတင်းစာတစ်စောင်ဖြစ်တဲ့ Bild ရဲ့ ဖော်ပြချက်အရ ဟမ်းမဲလ်ကို မန်ချက်စတာယူနိုက်တက်က မက်မောလောက်ဖွယ်ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ဒေါ့မွန်ထက် လက်ဦးမှုရယူဖို့ ကြိုးစားခဲ့ကြောင်း သိရှိရပါတယ်။

ဟမ်းမဲလ်အနေနဲ့ ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုကို မကြာခဏဆိုသလို ရရှိခဲ့တဲ့ ကစားသမားဖြစ်ပြီး ဒေါ့မွန်ကို မပြောင်းရွှေ့ခင်မှာလည်း နောက်ထပ်တစ်ကြိမ်ကမ်းလှမ်းမှုကို လက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ မကစားချင်တဲ့အတွက်ကြောင့် ချန်ပီယံလိဂ်ကစားခွင့်ရမယ့် ဒေါ့မွန်အသင်းကို ဟမ်းမဲလ်က ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ဗဟိုခံစစ်မှူးတစ်ဦးအလိုရှိနေခဲ့တဲ့ ယူနိုက်တက်အတွက် ဟမ်းမဲလ်က ခေါင်းဆောင်နိုင်မှုအပိုင်းမှာရော၊ ခြေစွမ်းပိုင်းအရပါ သင့်တော်တဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရမှုက ယူနိုက်တက်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ရပါတယ်။ ဟမ်းမဲလ်အနေနဲ့လည်း

ူနိုက်တက်သာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့မယ်ဆိုပါက အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ကစားနိုင်ဖွယ်ရာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုလက်ထက်မှာ ယူရိုပါလိဂ်ဝင်ခွင့်သာ ရခဲ့ပေမယ့် ပေါ့ဂ်ဘာ၊ ဇလာတန် နဲ့ မစ်ခီတာရန်တို့ကို ယူနိုက်တက်က ခေါ်ယူနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က