ဖာဒီနန်ကိုယ်တိုင်က သူတို့နှစ်ဦးကို အသင်းမှာ မြင်တွေ့ချင်နေတာပါ။

လက်ရှိမှာလည်း ဟယ်ရီကိန်းရော၊ ဆန်ချိုတို့ပါ အနာဂတ်မတည်မငြိမ်ဖြစ်နေကြပြီး သက်ဆိုင်ရာအသင်းတွေကနေ ထွက်ခွာနိုင်ဖွယ်ရှိတယ်လို့ ရေပန်းစားနေကာ ဥရောပထိပ်သီးအသင်းတွေက အပြိုင်အဆိုင်စိတ်ဝင်စားနေကြပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စပါးတိုက်စစ်မှူးဟယ်ရီကိန်း နဲ့ ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုတို့ကို ခေါ်ယူသွားဖို့ ခံစစ်မှူးဟောင်းရီယိုဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။ ယူနိုက်တက်အသင်းကလည်း လာမယ့်ရာသီသစ်အတွက် အဆိုပါ ကစားသမားနှစ်ဦးကို ခေါ်ယူသွားဖို့ စိတ်ဝင်စားတဲ့အမူအရာတွေကို ပြသနေခဲ့ပါတယ်။ 



အင်စတာဂရမ်ကတဆင့် ပရိသတ်တွေနဲ့ အမေးအဖြေပြုလုပ်ခဲ့ချိန်မှာ ဖာဒီနန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဟယ်ရီကိန်းရော၊ ဆန်ချိုတို့ပါ အနာဂတ်မတည်မငြိမ်ဖြစ်နေကြပြီး သက်ဆိုင်ရာအသင်းတွေကနေ ထွက်ခွာနိုင်ဖွယ်ရှိတယ်လို့ ရေပန်းစားနေကာ ဥရောပထိပ်သီးအသင်းတွေက အပြိုင်အဆိုင်စိတ်ဝင်စားနေကြပါတယ်။ 

ဖာဒီနန်က "ဟယ်ရီက စပါးမှာ သူ့အိပ်မက်တွေအကောင်အထည်ဖော်ဖို့ မျှော်လင့်နေခဲ့တာပါ၊ ဒါပေမယ့် အဲဒါက ဖြစ်မလာခဲ့ပါဘူး၊ သူ့အတွက် စိတ်ပျက်စရာပါပဲ၊ သူ စပါးမှာ ပျော်ရွှင်နေတယ်လို့ ခင်ဗျားထင်ကောင်းထင်နိုင်တယ်၊ သူဂိုးတွေသွင်းနိုင်ရင်၊ စံချိန်တွေယူနိုင်ရင် ပြီးပြည့်စုံတယ်လို့လည်း ယူှဆနိုင်ပါတယ်၊ ဒါပေမယ့် သူ့ကစားသမားဘဝကို ဆုဖလားတွေမရရှိပဲ အဆုံးသတ်သွားမှာလား"

"မဟုတ်ပါဘူး၊ သူ့အတွက် အဲဒါက ပိုပြီးတော့ စိတ်ပျက်စရာဖြစ်လာပါလိမ့်မယ်၊ သူက ဆုဖလားတွေရယူချင်နေပြီး ယူနိုက်တက်အနေနဲ့ သူ့ကိုကြိုးစားမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီလိုကစားသမားပုံစံနဲ့ ယူနိုက်တက်က သင့်တော်လို့ပါ၊ ဂျူဗပ်တပ်စ်ကလည်း သူ့ကိုစိတ်ဝင်စားနေပြီး ရီးရဲလ်ကလည်း စိတ်ဝင်စားလာနိုင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ဆန်ချိုနဲ့ပတ်သက်ပြီးတော့လည်း ဖာဒီနန်က "ဆန်ချိုကိုတော့ သူကစားချင်တဲ့အသင်းတစ်သင်း၊ သူ့ကိုတိုးတက်စေပြီး ဆုဖလားတွေရရှိစေမယ့် အသင်းကို ပြောင်းရွှေ့စေချင်ပါတယ်၊ သူ့ကို ယူနိုက်တက်၊ ချယ်လ်ဆီး နဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေပါတယ်၊ ဒါပေမယ့် ယူနိုက်တက်က သူသွားရမယ့်နေရာပါ၊ ဒါကတော့ ကျွန်တော်ဘက်လိုက်ပြီးပြောတာပါ၊ သူက လက်ရှိကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားတစ်ဦးဖြစ်ပြီး အလားအလာလည်းရှိပါတယ်" လို့ ထပ်မံပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က