ပီအက်စ်ဂျီကလည်း ကြိုးပမ်းနေပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းစနစ် ဒါရိုက်တာသစ် အီဒူက ကစားသမားသစ်ခေါ်ယူရေးကို အဓိက ကြိုးပမ်း နေပြီး လာမယ့်လူဝယ်ရာသီမှာ ထပ်မံ ခေါ်ယူမယ့် ကစားသမားအတွက် အခုကတည်းက ကြိုးပမ်းနေတာပါ။

အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာအသစ် အီဒူကတော့ လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ရီးရဲ ကြယ်ပွင့် ဗင်နီရှပ်စ်ကို ခေါ်ယူနိုင်ရေးအတွက် အခုကတည်းက စတင် ချိတ်ဆက်ကြိုးပမ်းနေပြီလို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။



အီဒူ အာဆင်နယ်အသင်း အားကစားဒါရိုက်တာ ဖြစ်လာချိန်မှာတော့ အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲ့ စီဘယ်လော့စ်ကို အငှားနဲ့ခေါ်ယူနိုင်ခဲ့သလို၊ဆဲလ်တစ်က တီယာနေး၊လိုင်လီက ပီပီတို့ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးခဲ့လို့ အပြောင်းအရွှေ့စရိတ် ပေါင် ၄၅သန်းသာ ရရှိခဲ့ပေမယ့်လည်း အီဒူရဲ့ကြိုးပမ်းမှု ကြောင့် ပိုများတဲ့ ပြောင်းရွှေ့စရိတ်ကို ရရှိနိုင်ခဲ့ပါတယ်။

UOL သတင်းဌာနရဲ့ ဖော်ပြချက်အရ အီဒူက အခုကတည်းက ရီးရဲအသင်းနဲ့ ချိတ်ဆက်နေပြီး အသက် ၁၉ နှစ်အရွယ် ဗင်နီရှပ်စ်ကို လာမယ့် ဈေးကွက်မှာ ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတာပါ။



အီဒင်ဟာဇက်ကို ခေါ်ယူထားနိုင်သည့်တိုင် လူငယ်ကစားသမား ဗင်နီရှပ်စ်ကို ရောင်းဖို့ စာရင်း မထည့်ထားဘူးလို့ ထုတ်ပြန်ထားတဲ့ ရီးရဲအသင်းထံက အငှားနဲ့ ခေါ်ယူနိုင်ရေးအတွက်ကြိုးပမ်းနေတယ်လို့ လည်း သိရတာပါ။

ဒီနှစ်မှာတော့ဗင်နီရှပ်စ်က ၃ ပွဲပါဝင်ကစားပေးထားရာမှာ ၂ ပွဲက အရန်ကစားသမားအဖြစ် ပါဝင်ထားနိုင်တာ တွေ့ရပါတယ်။

အာဆင်နယ်နည်းတူ ပီအက်စ်ဂျီအသင်းကလည်း ဗင်နီရှပ်စ်ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းနေပေမယ့် နေမာနဲ့ အ လိုက်ပေး ခေါ်ယူနိုင်ရေး ကြိုးစားနေတာ ဖြစ်ပြီး နေမာ အပြောင်းအရွှေ့က မဖြစ်နိုင်လို့ ခေါ်ယူဖို့ မဖြစ်နိုင်သေး တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က