ရီးရဲအသင်းမှာ လက်တွဲခဲ့ဖူးကြတာပါ။
Kyaw Ko Ko Sint

ရော်နယ်ဒိုအနေနဲ့ အန်ဆယ်လော့တီနဲ့အတူ ၂၀၁၄ ခုနှစ်မှာ ဥရောပချန်ပီယံလိဂ်ဆုဖလားကို ရီးရဲအသင်းအတွက် ရယူနိုင်ခဲ့ကြပါတယ်။

ဂျူဗင်တပ်အသင်းကတော့ အသင်းမှာ ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နည်းပြ အယ်လီဂရီနီနဲ့ လမ်းခွဲခဲ့ပြီ ဖြစ်ပြီး နည်းပြသစ်ကိုမူ ထုတ်ပြန်မကြေရသေးပါဘူး။ နည်းပြသစ် ဖြစ်လာမယ့်သူကိုတော့ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ရော်နယ်ဒိုက ယခင် ရီးရဲ အသင်းရဲ့ နည်းပြဟောင်း အန်ဆယ်လော့တီကို ထောက်ခံပေးထားတယ်လို့လည်း Sportskeeda က ဖော်ပြခဲ့ပါတယ်။ အယ်လီဂရီနီကတော့ ဂျူဗင်တပ်အသင်းမှာရှိစဉ်ပြည်တွင်းအောင်မြင်မှုများစွာရခဲ့ပေမယ့် ဥရောပမှာတော့ ချန်ပီ ယံလိဂ် ဗိုလ်လုပွဲ ၂ ကြိမ်တက်လှမ်းအောင်သာ စွမ်းဆောင်နိုင်ခဲ့ပြီး ချန်ပီယံတော့ မဖြစ်ခဲ့ပါဘူး။



လက်ရှိမှာတော့ ရော်နယ်ဒိုက အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ တိုက်တွန်းနေပြီး အန်ဆယ် လော့တီကတော့ ရော်နယ်ဒိုနဲ့ ရီးရဲမှာ လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းကလည်း အယ်လီဂရီနီနေရာမှာ အစားထိုးဖို့ စပါးနည်းပြ ပွန်ချက်တီနို၊ ချဲလ်ဆီးနည်းပြ ဆာရီနဲ့ မန်စီးတီးနည်းပြ ပက်ဂါွဒီယိုလာတို့ကို ချိတ်ဆက်နေတယ်လို့သတင်းထွက်ပေါ်နေပါတယ်။ အန်ဆယ်လော့တီကတော့ ဂျူဗင်တပ်အသင်းကို ၁၉၉၉ နဲ့ ၂၀၀၁ ခုနှစ်ထိ နည်းပြခဲ့ဖူးပြီး လက်ရှိမှာတော့ နာပို လီအသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က