မန်စီးတီးမှာ ၁၀နှစ်ကြာ ကျင်လည်ခဲ့ပြီး ဆုဖလား ၁၄ဆု ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အသင်းမှာ ၁၀နှစ်ကြာ လက်တွဲခဲ့ပြီး အောင်မြင်မှု သရဖူဆောင်းခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗား ဆိုစီဒက်ကို ပြောင်းရွှေ့ သွားချိန်မှာ မန်စီးတီးက ရုပ်တုထုလုပ်ဂုဏ်ပြုသွားမယ်လို့ ကြေညာထားပါတယ်။

လာဇီယိုအသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီလို့သတင်းတွေ ထွက်ပေါ်နေတဲ့ မန်စီးတီး ဂန္တဝင် ကစားသမားကြီး ဒေးဗစ်ဆေးလ်ဗားဟာ အခုအခါမှာတော့ စပိန်ကလပ် ရီးရဲဆိုစီဒက်အသင်းကို ၂ရာသီစာချုပ်နဲ့ ပြောင်းရွှေ့သွားပါ ပြီ။



၂၀၁၀ခုနှစ်က ဗလင်စီယာအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဆေးလ်ဗားဟာ မန်စီးတီးအ တွက် ၄၃၆ပွဲကစားပေးပြီး ဆုဖလား ၁၄ဆု ဆွတ်ခူးပေးနိုင်ခဲ့သူပါ။

မန်စီးတီးအသင်းနဲ့အတူ နောက်ဆုံး ဖြတ်သန်းခဲ့တဲ့ပွဲက လိုင်ယွန်ကို ၃-၁နဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲဖြစ်ပြီး အဆိုပါပွဲအပြီး ဒီကနေ့မှာတော့ ဆိုစီဒက်အသင်းနဲ့ တရားဝင်စာချုပ်လိုက်တာလို့ သိရပါတယ်။

ဆေးလ်ဗားဟာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ပွဲပေါင်း ၃၀၉ပွဲမှာ ဂိုးပေါင်း ၆၀ရရှိခဲ့သလို လိဂ်ဆုဖလားတွေ အဖြစ် လည်း ၂၀၁၂၊၂၀၁၄၊၂၀၁၈နဲ့၁၉တွေမှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြည်တွင်းရှုံးထွက်ဖလားပွဲတွေမှာဆိုရင်လည်း ပွဲပေါင်း ၅၇ပွဲကစားခဲ့ပြီး အက်ဖ်အေဖလား၂ကြိမ်၊လိဂ်ဖလား ၅ကြိမ်နဲ့ကွန်မြူနတီဒိုင်း၃ကြိမ်ဆွတ်ခူးထားပါတယ်။

ဒါ့အပြင် ဆေးလ်ဗားဟာ မန်စီးတီးနဲ့အတူ မှတ်တမ်းကောင်းအချို့လည်း ပိုင်ဆိုင်ထားနိုင်ပြီး ဒါကတော့ အသင်းနဲ့ အတူ ဥရောပပွဲအများဆုံး ကစားထားနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲပေါင်း ၇၀ကစားပေးထားပြီး ဒါဟာ အသင်းသမိုင်းမှာ ဥရောပပွဲအများဆုံး ကစားပေးထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

ဆေးလ်ဗားဟာ နိုင်ငံအသင်းမှာဆိုရင်လည်း ၂၀၁၀ကမ္ဘာ့ဖလားအပါအဝင် ၂၀၀၈နဲ့၂၀၁၂ဥရောပဖလားတွေကို လည်း ဆွတ်ခူးထားနိုင်တဲ့သူပါ။

သူ့ရဲ့ ၁၀နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အောင်မြင်မှုတွေနဲ့ အသင်းအပေါ် ပေးဆပ်ကစားခဲ့တဲ့ စိတ်ကြောင့် မန်စီးတီး အသင်းက ရုပ်တု ထုလုပ်ပြီး ဂုဏ်ပြုသွားမယ်လို့ တရားဝင် ကြေညာထားပါသေးတယ်။

Share

Loading Next Article...
က္က