စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေပါသေးတယ်။
Pyae Phyo Thein

ဘေးလ်ဟာ အရန်ခုံတန်းကနေ ပရော်ဖက်ရှင်နယ်မပီသတဲ့ အပြုအမူတွေကို ပြုလုပ်နေခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူလည်းဖြစ်ပါတယ်။ 


ဂါရတ်ဘေးလ်အနေနဲ့ ရီးရဲလ်ကနေ ဘယ်ကိုမှသွားမှာမဟုတ်ဘူးလို့ အေးဂျင့်ဂျိုနသန်ဘားနတ်က ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်မှာ ပုံမှန်ကစားခွင့်မရဘဲ အရန်ခုံမှာသာ အချိန်ကုန်နေရပေမယ့် သူ့ကစားသမားဟာ ဘာနေဗျူးမှာသာ ဆက်လက်ရှိနေမယ်လို့ ဘားနတ်က အခိုင်အမာပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ဘေးလ်ဟာ ရီးရဲလ်နဲ့အတူ လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပြန်လည်စတင်ခဲ့ချိန်မှာ ၂ပွဲသာကစားခွင့်ရရှိထားခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် အာရုံစိုက်ကစားပေးခြင်းမရှိဘူးလို့ စွပ်စွဲပြောဆိုခံနေရတဲ့ ဘေးလ်ဟာ အရန်ခုံတန်းကနေ ပရော်ဖက်ရှင်နယ်မပီသတဲ့ အပြုအမူတွေကို ပြုလုပ်နေခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူလည်းဖြစ်ပါတယ်။ 

ချန်ပီယံဖြစ်ပြီးနောက် လီဂါနက်စ်နဲ့ကစားခဲ့တဲ့ပွဲမှာလည်း ဘေးလ်ကို ဇီဒန်းက ချန်လှပ်ထားဆဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဘေးလ်ပါဝင်နိုင်ဖွယ်ရာမရှိဘဲ ဘောလုံးရာသီကုန်ဆုံးတဲ့အထိ အရန်ခုံမှာသာ ထိုင်နေရဖို့ရှိနေပြီး ဘားနတ်ကတော့ စာချုပ်သက်တမ်းကုန်တဲ့အထိ ရီးရဲလ်မှာ ဆက်ရှိနေမယ်လို့ ဆိုခဲ့ပါတယ်။ 

"သူ့အခြေအနေကောင်းပါတယ်၊ အေးဆေးပါပဲ၊ အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးပြီးတော့ မက်ဒရစ်မှာ နေရတာကိုလည်း သူ နှစ်သက်ပါတယ်၊ လတ်တလောမှာ အသင်းအတွက် သူ မကစားရပေမယ့်လည်း သူ အသင်းကထွက်ခွာမှာမဟုတ်ပါဘူး၊ သူ့ကို ခေါ်ယူဖို့ဆိုတာက အသင်းတစ်သင်းအတွက်တော့ ခက်ခဲနေမှာပါ" လို့ ဘားနတ်က BBC ကို ပြောဆိုခဲ့ပါတယ်။

ဘေးလ်ဟာ ရီးရဲလ်ကို ၂၀၁၃ မှာ စပါကနေ ပြောင်းရွှေ့ခဲ့ပြီး ဂိုးပေါင်း ၁၀၀ ကျော်သွင်းယူပေးထားကာ ချန်ပီယံလိဂ်ဖလားလေးလုံးအထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ "သူ့ကို ဇီဒန်းက ထည့်သွင်းကစားခြင်းမရှိပေမယ့် သူကတော့ နေ့တိုင်းလေ့ကျင့်ခန်းဆင်းပြီး ကောင်းကောင်းလေ့ကျင့်နေပါတယ်" လို့ ဘားနတ်က ထပ်ပြောခဲ့ပါတယ်။ 


Author


က္က