စံချိန်တင်အသုံးစရိတ်တစ်ရပ်ကို အသုံးပြုဖို့ရှိနေခဲ့တာပါ။
Win Kyaw Min

လာလီဂါပွဲစဉ်တွေရပ်နားထားဆဲဖြစ်ပေမယ့် ရီးရဲလ်အသင်းကတော့ ရာသီသစ်ပြင်ဆင်မှုအတွက် ကစားသမား သစ်တွေခေါ်ယူဖို့ အရှိန်အမြှင့်ပြင်ဆင်နေခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်အသင်းအနေနဲ့ ရာသီကုန်မှာကစားသမားအချို့ကိုလက်လွှတ်ဖို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ကစားသမားသစ် များခေါ်ယူနိုင်ဖို့အတွက် ပြင်ဆင်မှုများစတင်ပြုလုပ်လာခဲ့ပြီး လီဗာပူးတောင်ပံကစားသမား မာနေးလ်၊ အာဆင်န ယ်တိုက်စစ်မှူးအူဘာမီယန်၊ ဒေါ့မွန်တိုက်စစ်မှူးဟာလန်း၊ အက်သလက်တီကိုကွင်းလယ်ကစားသမားဆောနီဂွ က်ဇ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ as.com က အခိုင်အမာဖော်ပြလာပါတယ်။

လက်ရှိကစားသမားတွေဖြစ်တဲ့ ဂါရတ်ဘေးလ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ မာဆယ်လိုတို့ကို ထွက်ခွာခွင့်ပြုဖို့ရှိနေတဲ့ရီးရဲ လ်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလအတွင်း စံချိန်တင်အသုံးစရိတ်တစ်ချို့ကို အသုံးပြုဖို့ရှိနေတာ လည်းဖြစ်ပါတယ်။



Dailyexpress ရဲ့ အတည်ပြုဖော်ပြချက်မှာလည်း နည်းပြဇီဒန်းအနေနဲ့ အသင်းဥက္ကဋ္ဌပီရက်ဇ်ဆီက ခွင့်ပြုချက်ရ ရှိထားပြီး ဟာလန်း၊ မာနေးလ်အပါအဝင် ဥရောပထိပ်တန်းကစားသမားအချို့ကို တရားဝင်ကမ်းလှမ်းဖို့ပြင်ဆင် နေပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်းထွက်ပေါ်မှုအပေါ် လီဗာပူး၊ အက်သလက်တီကို၊ ဒေါ့မွန်၊ အာဆင်နယ်အသင်းတို့က တစ်စုံတစ်ရာတုံ့ပြ န်ခြင်းမရှိသေးပေမယ့် ရီးရဲလ်အသင်းရဲ့ အားကစားဒါရိုက်တာအဖွဲ့ကတော့ အရိပ်အမြွန်အတည်ပြုမှုအချို့နဲ့အ တူ ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ အသင့်ရှိနေပြီဖြစ်တယ်လို့ ဖော်ပြမှုတွေရှိနေခဲ့တာပါ။

အစောပိုင်းကာလသတင်းထွက်ပေါ်မှုတွေ အငှားစေလွှတ်ထားတဲ့ လူငယ်ကစားသမား ၁၁ဦးကို ပြန်လည်ခေါ် ယူပြီး အခြားလူငယ်ခြေတက်ကစားသမားတွေနဲ့ အချိုးချပေါင်းစပ်သွားဖို့ရှိနေတယ်လို့ နည်းပြဇီဒန်းကထုတ် ဖော်ပြောဆိုခဲ့ပေမယ့် အသင်းရဲ့ ကစားသမားအဝယ်စာရင်းမှာတော့ ထိပ်တန်းကစား သမားအများစုပါ ဝင်ေ နခဲ့တာကလည်း စိတ်ဝင်စားစရာအပြောင်းအရွှေ့ဖြစ်လာဖို့ရှိနေခဲ့တာပါ။


Author


က္က