ယူရိုသန်း (၅၀)အထိ ရီးရဲလ်ကပေးချေသွားရမှာပါ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ လိုင်ယွန်က မန်ဒီနဲ့ ရီးရဲလ်တို့အတွက် သဘောတူညီမှု ရရှိခဲ့တဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ တရားဝင်ငြင်းချက်ထုတ်ခဲ့ပေမယ့် ဒက်ချမ့်စ်က အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။


ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒက်ချမ့်စ်က လိုင်ယွန်နောက်ခံလူ ဖာလန်းမန်ဒီဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ပြင်သစ်အသင်းလူစာရင်းမှာ မန်ဒီက ရွေးချယ်ခံထားရပြီး တူရကီကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ကစားခွင့်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။



အသက် (၂၄) နှစ်အရွယ် ဘယ်အစွန်နောက်ခံလူကို ရီးရဲလ်နည်းပြဇီဒန်းက မာဆယ်လိုရဲ့နေရာမှာ အစားထိုးဖို့ ချိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ လိုင်ယွန်က မန်ဒီနဲ့ ရီးရဲလ်တို့အတွက် သဘောတူညီမှု ရရှိခဲ့တဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ တရားဝင်ငြင်းချက်ထုတ်ခဲ့ပေမယ့် ဒက်ချမ့်စ်က အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

Goal.com ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ မန်ဒီအတွက် ယူရိုသန်း (၅၀)အထိ ပေးချေရမယ်လို့ သိရပါတယ်။ ပြင်သစ်လိဂ်မှာ (၂)နှစ်ကြာ ကစားခဲ့ပြီးနောက် မန်ဒီက လီဂူးရဲ့ အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့နိုင်တော့မှာ ဖြစ်ပါတယ်။

"ဖာလန်းရဲ့ တိုးတက်လာမှုက တော်တော်လေး မြန်ဆန်ပါတယ်၊ လီဂူးမှာ (၂) နှစ်ကြာကစားခဲ့ပြီးနောက် လာမယ့်ရာသီမှာ သူ ရီးရဲလ်မှာ ရှိနေပါလိမ့်မယ်၊ သူက ခြေနှစ်ဖက်စလုံးနဲ့ ကောင်းကောင်းကစားနိုင်သူဖြစ်ပါတယ်၊ ကျွန်တော်တို့နဲ့အတူ သူ ကစားပေးခဲ့တဲ့ အချိန်တွေကလည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်" လို့ ဒက်ချမ့်က ပြောဆိုခဲ့ပါတယ်။

မန်ဒီအနေနဲ့ ရီးရဲလ်ကို ရောက်ရှိခဲ့မယ်ဆိုရင်တော့ မီလီတာအို၊ လူကာဂျိုဗစ် နဲ့ အီဒင်ဟာဇက်တို့ပြီးနောက်မှာ လေးဦးမြောက်ရောက်ရှိမယ့် ကစားသမားလည်း ဖြစ်လာမှာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ လက်သွက်ခြေသွက်လှုပ်ရှားနေပြီး ပြုပြင်ပြောင်းလဲမှုတွေ အများအပြားပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဇီဒန်းကတော့ သူ့စိတ်ကြိုက်ကစားသမားတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ယူနိုင်နေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က