အေးဂျင့်ဂျော့မန်ဒက်စ်ကတဆင့် ဆက်သွယ်နေတာပါ။

ဒီရာသီမှာ ရီးရဲလ်အတွက် ပွဲထွက်ကစားခွင့်တွေရနေခဲ့တဲ့ ဂျိမ်းစ်ရဲ့ခြေစွမ်းကို ချယ်လ်ဆီးက သဘောကျနေတယ်လို့လည်း သိရပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းစာများက ဖော်ပြခဲ့ကြောင်း Sportsmole ဝက်ဘက်ဆိုက်က ရေးသားခဲ့ပါတယ်။ ဒီရာသီမှာ ရီးရဲလ်အတွက် ပွဲထွက်ကစားခွင့်တွေရနေခဲ့တဲ့ ဂျိမ်းစ်ရဲ့ခြေစွမ်းကို ချယ်လ်ဆီးက သဘောကျနေတယ်လို့လည်း သိရပါတယ်။

ဂျိမ်းစ်ဟာ ဒီရာသီမှာ ရီးရဲလ်အတွက် ပြိုင်ပွဲစုံ ၇ ပွဲအထိ ကစားခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က စပါးကွင်းလယ်လူအဲရစ်ဆန်ကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် ဂျိမ်းစ်က အသင်းကနေ ထွက်ခွာရဖွယ်လည်းရှိနေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာလည်း အသင်းကထွက်ခွာရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဘာနေဗျူးမှာ ဆက်ရှိနေခဲ့ပါတယ်။

ချယ်လ်ဆီးအနေနဲ့ ကိုလံဘီယာလက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့အတွက် အေးဂျင့်ဂျော့မန်ဒက်စ်ကို ဆက်သွယ်မှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဂျိမ်းစ်အနေနဲ့ အသင်းမှာခြေစွမ်းပြနိုင်ပေမယ့်လည်း ဇီဒန်းရဲ့ ပွဲထွက်လူစာရင်းရွေးချယ်မှုအပေါ်မှာ မပျော်မရွှင်ဖြစ်နေတယ်လို့သိရပြီး ဘိုင်ယန်ကို အငှားထွက်ခဲ့ရတာကလည်း အဆိုပါမကျေနပ်မှုကြောင့်လို့ သိရပါတယ်။

ချယ်လ်ဆီးကတော့ အပြောင်းအရွှေ့ပြုလုပ်ခွင့်ပိတ်ပင်ခံထားရလို့ ပြီးခဲ့တဲ့ ဈေးကွက်အတွင်းမှာ ကစားသမားခေါ်ယူမှု မပြုလုပ်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ လာမယ့်နွေရာသီကာလမှသာ ကစားသမားဝယ်ယူခွင့် ပြန်လည်ရရှိမှာဖြစ်ပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်က သူတို့ရဲ့အဓိကပစ်မှတ်တွေထဲက တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။



က္က