ဆန်ချိုကတော့ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ကစားလိုနေပါတယ်။
Win Kyaw Min

မန်စီးတီးလူငယ်အကယ်ဒမီစီမံကိန်းကနေထွက်ပေါ်လာခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူဖို့ အသင်းကြီးအ များစုက စိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။

ရီးရဲလ်နည်းပြဇီဒန်းအနေနဲ့ လူငယ်ကစားသမားအများစုကို အခွင့်အရေးပေးလေ့ရှိတဲ့ နည်းပြပီပီ အင်္ဂလန်လူင ယ်ကစားသမားဆန်ချိုကို ၂၀၁ရခုနှစ်ကတည်းက ခေါ်ယူဖို့ စီစဉ်ခဲ့သူဖြစ်ပြီး အဆင်မပြေမှုများကြောင့်အပြောင်း အရွှေ့အတွက် ညှိနှိုင်းမှုပျက်ပြယ်ခဲ့ရခြင်းဖြစ်တယ်လို့ စပိန်သတင်းစာ La Futboleria ကဖော်ပြလာပါတယ်။

မန်စီးတီးလူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဆန်ချိုအနေနဲ့ ၂၀၁၇ ခုနှစ်တွင် အသင်းပြောင်းဖို့ဆုံးဖြတ်ခဲ့ ရာမှာ အသင်းအချို့ရဲ့ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တာဖြစ်ပြီး လက်ရှိကစားနေတဲ ့ဒေါ့မွန်အသင်းအပါအဝင် ရီး ရဲလ်တို့ပါဝင်ခဲ့ပြီး ကာယကံရှင်ဖြစ်သူက ဂျာမနီကလပ်ကို ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။



ရီးရဲလ်အသင်း ၂၀၁၆ခုနှစ်တွင် စတင်တာဝန်ယူကိုင်တွယ်ခဲ့တဲ့ နည်းပြဇီဒန်းအနေနဲ့ အသင်းရဲ့ကစားသမားအစု အဖွဲ့ကို လူငယ်ကစားသမားအများစုကို အသုံးပြုဖွဲ့စည်းဖို့ လုပ်ဆောင်ခဲ့ရာမှာ ဆန်ချိုကို ခေါ်ယူဖို့မျက်စိကျခဲ့တာ ဖြစ်ပြီး နောက်ဆုံးအချိန်တွင်မှ ညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

သတင်းဖော်ပြမှုတွေအရ ဆန်ချိုရဲ့ဖခင်ဖြစ်သူအနေနဲ့ အပြောင်းအရွှေ့အတွက် ရီးရဲလ်အသင်းဆီကို လာရော က်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ပွဲထွက်ကစားခွင့်အာမခံချက်မရရှိခဲ့တဲ့အပြင် နော်ဝေးကွင်းလယ်ကစားသမားအိုဒီ ဂတ်လို အခြားအသင်းတွေဆီ အငှားစေလွှတ်ခြင်းခံရဖွယ်ရှိနေခဲ့ခြင်းကြောင့် ညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့တယ်လို့ လည်း သိရပါတယ်။

ဆန်ချိုကို ခေါ်ယူဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် အဆင်ပြေအောင်ညှိနှိုင်းခဲ့ခြင်းမရှိတဲ့ ရီးရဲလ်အသင်းအနေနဲ့ လက် ရှိအချိန်မှာတော့ လွန်ခဲ့တဲ့ ၃နှစ်ကပေးချေရမယ့် ပြောင်းရွှေ့ကြေးထက် ပိုများတဲ့ ပမာဏတစ်ခုနဲ့အတူ ကမ်းလှ မ်းမှုတွေပြုလုပ်နေခဲ့ရတာလည်းဖြစ်ပါတယ်။


Author


က္က