ဆေးစစ်မှုခံယူနေပြီး ၃နှစ်စာချုပ်ချုပ်ဆိုမယ်လို့သိရပါတယ်။

စပါးမှာ ၈နှစ်တာ ကာလတွင်း ပွဲပေါင်း ၃၁၅ပွဲ ကစားပေးခဲ့ပေမယ့် အောင်မြင်မှုဆုဖလားမကိုင်မြှောက်နိုင်ခဲ့ပါဘူး။

စပါးကစားသမားဟောင်း ဗာတွန်ဂန်အနေဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်နေ တယ်လို့ သိရပြီး ၃နှစ်စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

၃၃နှစ်အရွယ် ဗာတွန်ဂန်က ဒီနှစ်ရာသီအကုန်မှာ ၈နှစ်ကြာ လက်တွဲခဲ့တဲ့ စပါးအသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပြီး စပါး အသင်းအတွက် ပွဲပေါင်း ၃၀၀ကျော် ကစားပေးခဲ့ပါတယ်။

ဘင်ဖီကာအသင်းကတော့ ပေါ်တူဂီလိဂ်မှာ မနှစ်က ဒုတိယနေရာရပ်တည်နိုင်ခဲ့ပြီး လာမယ့်နှစ် ချန်ပီယံလိဂ် ပြိုင်ပွဲကို တတိယအဆင့်ကနေ စတင်ကစားခွင့်ရထားပါတယ်။

ဗာတွန်ဂန်ကတော့စပါးအသင်းမှာ ရှိတဲ့ ၈နှစ်တာ ကာလအတွင်း အဓိက ဆုဖလားတွေ တစ်ခုမှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပဲ ၂၀၁၅လိဂ်ဖလားဗိုလ်လုပွဲနဲ့ ၂၀၁၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေ တက်ရောက်ခဲ့ကာ ဒုတိယဆုတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။



က္က