အသက် ၂၄ နှစ်အရွယ်သာရှိပါသေးတယ်။

ဖာလန်မန်ဒီကိုတော့ ရီးရဲအသင်းက လိုင်ယွန်အသင်းထံကနေ ပေါင် ၄၇.၁ သန်းနဲ့ ၆ နှစ်စာချုပ်ချုပ်ဆို ခေါ်ယူထားခဲ့ပြီလည်း ဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းက အသစ်ခေါ်ယူခဲ့တဲ့ ပြင်သစ်နောက်ခံလူ ဖာလန်မန်ဒီကတော့ အသက် ၁၅ နှစ်အရွယ် တုန်းက တင်ပါးခွဲစိတ်မှုကြောင့် ဘောလုံးကို နောက်တစ်ခါ ဘယ်တော့မှ ပြန်မကစားနိုင်တော့ဘူးလို့ ကိုယ့်ကိုယ်ကို တွေးထင်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောလာခဲ့ပါတယ်။



လက်ရှိမှာတော့အသက်၂၄ နှစ်အရွယ် မန်ဒီကို ရီးရဲက ၆ နှစ်စာချုပ်နဲ့ လိုင်ယွန်အသင်းကနေ ပေါင် ၄၇.၁ သန်းပေးချေပြီး ခေါ်ယူထားပြီဖြစ်တယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။

“ကျွန်တော် ဝီးလ်ချဲပေါ်ထိုင်နေရချိန် ၆လနဲ့ ၇ လလောက်က ဆေးရုံပေါ်မှာ ပြန်လည်သန်စွမ်းရေး လေ့ကျင့် ခန်း တွေ ပြုလုပ်နေခဲ့ရပါတယ်။အဲ့လောက်ကြာမှပဲ လမ်းပြန်လျှောက်နိုင်ခဲ့တာပါ။ သူတို့က ကျွန်တော့်ကို ဘောလုံးကို ကောင်းကောင်းမွန်မွန် ပြန်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အခုတော့ ကျွန်တော် ရီးရဲကိုတောင် ရောက်နေခဲ့ပါပြီ။” လို့ မန်ဒီက ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မန်ဒီအနေနဲ့ ပြင်သစ်လိဂ်တူးကလပ် လီဟတ်ဗ်ရီအသင်းမှာကစားနေခဲ့ပြီးလိုင်ယွန်အ သင်းထံကို ၂၀၁၇ ခုနှစ် ဇွန်မှာ ပြောင်းရွှေ့ခဲ့သူပါ။

သူ့ရဲ့ ပထမဆုံး နိုင်ငံတကာပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာမှာကစားခဲ့တဲ့ ဥရုဂွေးနဲ့ ပြင်သစ်ပွဲမှာ စတင်နိုင် ခဲ့သူလည်း ဖြစ်ပါတယ်။

“ ရီးရဲကို ရောက်စက ကျွန်တော့်ကိုယ် ကျွန်တော် မယုံနိုင်သေးပါဘူး၊ စာချုပ်ချုပ်ဆိုနိုင်မှုကတော့ မထင်မှတ်လောက်စရာ ကိစ္စတစ်ခုဖြစ်နေဆဲဖြစ်ပြီး ဒီအချိန်မှာ ကျွန်တော့လောက်ပျော်မယ့်သူမရှိလောက်ဘူး လို့လည်း ယုံကြည်ပါတယ်။” လို့ မန်ဒီက ဆက်လက်ပြောခဲ့ပါတယ်။

မန်ဒီကို ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့စရိတ်ကို ထပ်ပေါင်းလိုက်ရင်တော့ ရီးရဲအသင်းဟာ ဒီနွေရာသီဈေးကွက်မှာ ပေါင် သန်း ၃၀၀ ဝန်းကျင်အထိ သုံးစွဲပြီးနေပြီလို့လည်း သိရပါတယ်။

ရီးရဲအသင်းအနေနဲ့ မန်ဒီရဲ့ အရှေ့မှာ ချဲလ်ဆီးက ဟာဇက်ကို ပေါင် သန်း ၁၅၀၊ဆားဘီးယားတိုက်စစ်မှူးလူ ကာဂျိုဗစ်ကို ပေါင် ပေါင် ၅၃ သန်း၊ပေါ်တို နောက်ခံလူ အီဒါမီလီတာအိုကို ပေါင် ၄၂.၇ သန်းပေးချေကာ ခေါ်ယူထားနှင့်ပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က