ယူရို ၂၈သန်းခန့် အသုံးပြုရဖွယ်ရှိနေပါတယ်။

မနှစ်က လက်စွမ်းမတည်ငြိမ်ပဲ ပုံမှန်လက်စွမ်းအောက် ရောက်ခဲ့တဲ့ ဂိုးသမား ကီပါနေရာမှာ အစားထိုးဖို့ ရည်ရွယ်ပြီး ခေါ် ယူတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လိုအပ်နေတဲ့ ဂိုးသမားတစ်နေရာအတွက် ဆီနီဂေါ ဂိုးသမား အက်ဒ်ဝက်မန်ဒီနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။



အဆိုပါ အသက် ၂၈နှစ်အရွယ်ဂိုးသမားဟာ အသင်းမှာရှိနေတဲ့ လက်စွမ်းမတည်ငြိမ်တဲ့ ဂိုးသမား ကီပါအတွက် အဓိက ပြိုင်ဖက် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဂိုးသမား မန်ဒီရဲ့ မိခင်ကလပ် ရန်းနက်စ်အသင်းရဲ့ ဥက္ကဌကလည်း ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးနေတယ်ဆိုတာကို အတည်ပြုပေးခဲ့တယ်လို့ RMC Sport သတင်းဌာနက ဖော်ပြလာပါတယ်။

မနှစ်က ရာသီမှာ လက်စွမ်းကျဆင်းခဲ့တဲ့ ကီပါနေရာမှာ အစားထိုးဖို့အတွက် ချဲလ်ဆီးအသင်းက ဂိုးသမားသစ်ကို ရှာဖွေခဲ့ တာ ဖြစ်ပြီး ယူရို သန်း၂၀ဝန်းကျင်နဲ့ ချဲလ်ဆီးက ကမ်းလှမ်းခဲ့ပေမယ့် ယူရို ၂၈သန်းခန့် ပေးချေရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

အသင်းမှာ ရှိနေတဲ့ အသက် ၂၅နှစ်အရွယ် စပိန်ဂိုးသမားကိုတော့ ချဲလ်ဆီးအသင်းက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူထားတာပါ။

ယခုနှစ်မှာတော့ ပြန်ရောင်းထုတ်ဖို့ စီစဥ်ထားပြီး ဗလင်စီယာနဲ့ ဆီဗီလာအသင်းတို့က စိတ်ဝင်စားသော်လည်း ပြောင်းရွှေ့ ကြေး ယူရို သန်း ၅၀ ဖြစ်နေလို့ နှစ်သင်းစလုံးအတွက် အဆင်မပြေ ဖြစ်နေတာပါ။

ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ ယခုနှစ် ရာသီသစ် မစတင်မီမှာ အသင်းကို လူအင်အား အလုံးအရင်း ဖြည့်တင်းထား ပြီး ပေါင် သန်း ၂၀၀ကျော် သုံးစွဲထားပြီးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က