အပြောင်းအရွှေ့စျေးကွက်ပိတ်ဖို့ ၂ရက်သာလိုအပ်တော့တာပါ။
Win Kyaw Min

၂၀၁၉-၂၀ ဘောလုံးရာသီ ဆောင်းရာသီကစားသမားအပြောင်းအရွှေ့စျေးကွက်ကို ဇန်နဝါရီ ၃၁ ရက် နေ့မှာပိတ်သိမ်းမှာလည်းဖြစ်ပါတယ်။

လက်ရှိကစားသမားအပြောင်းအရွှေ့စျေးကွက်ကာလမှာ ပရိသတ်တွေအကြား စိတ်လှုပ်ရှားစရာအချိန် ကာလတစ်ခုဖြစ်နေခဲ့ပြီး ကာဗာနီ၊ အူဘာမီယန်တိို့လို ထိပ်တန်းကစားသမားတွေကြောင့်စိတ်ဝင်စားစ ရာအကောင်းဆုံးအချိန်ဖြစ်နေကြောင်း thesun ရဲ့ သုံးသပ်ဖော်ပြချက်အရ သိရပါတယ်။

အပြောင်းအရွှေ့စျေးကွက်ပိတ်ဖို့အတွက် ၂ရက်လိုအပ်နေသေးသော်လည်း ရီးရဲလ်တောင်ပံက စားသ မားဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ပီအက်စ်ဂျီတိုက်စစ်မှူ ကာဗာနီ၊ ဘာစီလိုနာအသင်းရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်၊ ဂျူဗင်တပ်ကွင်းလယ်ကစားသမားအမ်မရီကန်တို့ကြော င့် အခုလိုစိတ်ဝင်စားစရာအပြောင်းအရွှေ့ဖြစ်နေခဲ့တာပါ။



နောက်ဆက်တွဲသတင်းတွေအရ အင်တာမီလန်အသင်းသို့ရောက်ရှိခဲ့ပြီဖြစ်တဲ့ အဲရစ်ဆင်နဲ့ ယူနို က်တ က်နဲ့ အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ဖာနန်ဒက်စ်တိုကတော့ အပြီးသတ်ဆောင်ရွက်ဖို့ရှိနေ တာ ဖြစ်ပြီး အခြားဝါရင့်ကစားသမားတွေဖြစ်တဲ့ ဂီရော့ဒ်၊ ပေါ့ဘာတို့ရဲ့ အပြောင်းအရွှေ့တွေကလည် း ဘာမဆိုဖြစ်လာနိုင်တဲ့အခြေအနေတွေရှိနေဆဲဖြစ်ပါတယ်။

လက်ရှိအပြောင်းအရွှေ့စျေးကွက်အတွင်း အလှုပ်အခတ်ဆုံးဖြစ်နေတဲ့ လိုင်ယွန်တိုက်စစ်မှူးဒမ်ဘီလီ၊ ဘုန်းမောက်နောက်ခံလူနသန်အက်ကီ၊ ပီအက်စ်ဗွီတိုက်စစ်မှူးစတီဗင်ဘာဝစ်ဂျ်တို့မှာလည်း ထိပ်သီး အသင်းကြီးတွေ ရဲ့ ကိုယ်စီစိတ်ဝင်စားခြင်းခံနေရသူများလည်းဖြစ်ပါတယ်။

ဗြိတိန်အားကစားမီဒီယာတွေဖြစ်တဲ့ dailymail၊ thesun တို့ရဲ့ သုံးသပ်ချက်အ ရ လက်ရှိအပြောင်းအ ရွှေ့ကာလအတွင်း ထိပ်တန်းအပြောင်းအရွှေ့အချို့ဖြစ်ပေါ် နိုင်ခြေမရှိဘူးလို့ သုံး သပ်ထားပေမယ့် အ ပြောင်းအရွှေ့သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်လေ့ရှိတဲ့ skysports ကတော့ အသင်းကြီး အချို့ရဲ့ လှုပ်ရှားမှုအချို့ရှိနေဆဲဖြစ်တယ်လို့ ဖော်ပြလာပါတယ်။


Author


က္က