ဆရာ တပည့်နှစ်ယောက် ပြန်လည်ပေါင်းစည်းနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ရီးရဲအသင်းရဲ့ ကိုလံဘီယာ တိုက်စစ်မှူး ဂျိမ်းရိုဒရိုဂွက်ဇ်ကို အဲဗာတန်အသင်းက စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ရေး ကမ်းလှမ်းလိုက်တယ်လို့ Daily Mail က ဖော်ပြလာပါတယ်။
အသက် ၂၉နှစ်အရွယ် ကိုလံဘီယားသားအနေနဲ့ ရီးရဲကနေ ဘိုင်ယန်မြူးနစ်ကို ၂နှစ်အငှားနဲ့ သွားရောက် ကစားခဲ့ရသလို ဒီနှစ်မှာလည်း ရီးရဲက အပြီးသတ် ရောင်းချဖို့ စီစဥ်ထားခြင်းခံရသူပါ။
ဒီလိုအချိန်မှာ ရီးရဲနဲ့ဘိုင်ယန်နည်းပြဟောင်းအန်ဆယ်လော့တီက သူ့တပည့်ဟောင်းကို သူလက်ရှိ ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းအတွက် ခေါ်ယူလိုက်တာပါ။
အန်ဆယ်လော့တီက သူ ဘိုင်ယန်မြူးနစ်အသင်းကို နည်းပြရချိန်မှာလည်း ဂျိမ်းကို အငှားနဲ့ လှမ်းခေါ်ခဲ့သူ ဖြစ်ပြီး အခု အဲဗာတန်ရောက်တော့လည်း ထပ်ခေါ်တာကြောင့် ဂျိမ်းကို ဘယ်လို အသုံးချရမလဲဆိုတာ ကောင်းကောင်းသိနားလည်ထားသူလို့ ဆိုရမှာပါ။
အမှန်တကယ် အဲဗာတန်အသင်း ခေါ်ယူလိုတဲ့နေရာတွေက ဗဟိုနောက်ခံလူနဲ့ကွင်းလယ်ခံစစ်ကစားသမား တွေ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ဝက်ဖို့ဒ်က ဒိုကိုရီ၊နာပိုလီက အယ်လန်တို့နဲ့ ချိတ်ဆက် စကားပြောနေတာလည်း ရှိနေပါ တယ်။
ရိုဒရီဂွက်ဇ်ကို အခြားအသင်းတွေဖြစ်တဲ့ အာဆင်နယ်၊စပါးနဲ့ချဲလ်ဆီးတို့လည်း အပြိုင်စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်က ဘယ်ကိုသွားချင်လဲဆိုတာကလည်း မူတည်ပါတယ်။
ရိုဒရီဂွက်ဇ်ကတော့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ကိုလံဘီယာအသင်းနဲ့အတူ နာမည်ကြီးလာခဲ့ပြီး မိုနာကိုအသင်းက နေ ရီးရဲ အသင်းကို ၂၀၁၄ခုနှစ်မှာပဲ ပြောင်းရွှေ့ခဲ့သူပါ။
ဒါပေမယ့်လည်း ရီးရဲမှာ နေရာသေချာမရပဲ ၂၀၁၇မှာတော့ ဘိုင်ယန်မြူးနစ်ကို အငှားချခြင်းခံခဲ့ရသူ ဖြစ်ပါ တယ်။