၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့မှာဖြစ်ပါတယ်။
Pyae Phyo Thein

လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့ပြီး နောက်တစ်နေ့မှာပဲ လယ်လာနာကို နည်းပြကလော့ပ်နဲ့ အသင်းဖော်တွေက ၀ိုင်းဝန်းဂုဏ်ပြုခဲ့ကြပြီးနောက် နှုတ်ဆက်ခဲ့ကြပါတယ်။


လီဗာပူးလ်အသင်းကွင်းလယ်လူ လယ်လာနာဟာ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်ဆေးမှုတွေခံယူနေပြီလို့ သိရပါတယ်။ အင်္ဂလန်ကွင်းလယ်လူဟောင်းဟာ လီဗာပူးလ်အသင်းကနေ ဒီရာသီအကုန်မှာ ထွက်ခွာခဲ့ပြီဖြစ်ပြီးတော့ ဘရိုက်တန်ကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့တော့မှာလည်းဖြစ်ပါတယ်။ 

အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ အန်ဖီးလ်ကလပ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေခဲ့တဲ့နောက်မှာ အသင်းသစ်ရှာဖွေခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့ပြီး နောက်တစ်နေ့မှာပဲ လယ်လာနာကို နည်းပြကလော့ပ်နဲ့ အသင်းဖော်တွေက ၀ိုင်းဝန်းဂုဏ်ပြုခဲ့ကြပြီးနောက် နှုတ်ဆက်ခဲ့ကြပါတယ်။

"ကံဆိုးချင်တော့ နှုတ်ဆက်စကားတောင် ကျွန်တော်ကောင်းကောင်းမပြောနိုင်ပါဘူး၊ ဒါပေမယ့် အန်ဖီးလ်ကို ကျွန်တော်ပြန်လာတဲ့အချိန်ကျရင် ပြိုင်ဘက်ကစားသမားတစ်ဦးအဖြစ်နဲ့ သူတို့ဆီကနေ အနိုင်သုံးမှတ်ရသွားဖို့ကို ကြိုးစားသွားမှာပါ၊ လီဗာပူးလ်က ကျွန်တော့်ကို နှစ်လိုဖွယ်ရာကြိုဆိုခဲ့ပြီးတော့ အကောင်းဆုံးနှုတ်ဆက်ပေးခဲ့ပါတယ်" လို့ လယ်လာနာက ပြောဆိုခဲ့ပါတယ်။ 

လယ်လာနာကို ခေါ်ယူဖို့အတွက် ပရီးမီးယားကလပ်တချို့က အပြိုင်အဆိုင်ကြိုးစားခဲ့ကြပြီး လက်စတာကလည်း တစ်သင်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ Sky Sports ရဲ့ ဇွန်လအတွင်းက ဖော်ပြခဲ့တဲ့ သတင်းအရ လယ်လာနာဟာ လက်စတာကိုပြောင်းရွှေ့နိုင်ချေအရှိဆုံးဖြစ်ခဲ့ပေမယ့် ဘရိုက်တန်က ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က