ရာသီကုန်မှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။
Pyae Phyo Thein

စပိန်တောင်ပံကစားသမားဟာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေတာဖြစ်ပြီး နှစ်သက်ရာအသင်းနဲ့ ဆွေးနွေးခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။ 


ချယ်လ်ဆီးအသင်းရဲ့တောင်ပံကစားသမားပက်ဒရိုဟာ ရာသီကုန်မှာအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီးပါက စီးရီးအေကလပ်ရိုးမားအသင်းကို အလွတ်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ စပိန်တောင်ပံကစားသမားဟာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေတာဖြစ်ပြီး နှစ်သက်ရာအသင်းနဲ့ ဆွေးနွေးခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။ 

စပိန်သတင်းဌာန AS ရဲ့ ဖော်ပြချက်အရ ရိုးမားဟာ ပက်ဒရိုရဲ့ ဦးစားပေးအသင်းဖြစ်တယ်လို့ သိရပြီး အီတလီသတင်းဌာန ll Tempo ကလည်း ပက်ဒရိုနဲ့ ရိုးမားတို့ရဲ့ အပြောင်းအရွှေ့သတင်းကို ဖော်ပြခဲ့ပါတယ်။ ပက်ဒရိုကို အခြားသောအသင်းလေးသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်၊ ဆီဗီလာ၊ ဗလန်စီယာ နဲ့ ရီးရဲလ်ဘက်တစ်တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

ရိုးမားအနေနဲ့ ပက်ဒရိုကို ကာလတစ်ခုကြာ ကြိုးပမ်းခဲ့ပြီးနောက်မှာ ခေါ်ယူနိုင်ဖို့အတွက် အောင်မြင်ခဲ့ပုံရတယ်လို့ ယူဆရပါတယ်။ အသက် ၃၂နှစ်အရွယ် စပိန်တောင်ပံကစားသမားဟာ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာကနေ ချယ်လ်ဆီးကို ပြောင်းရွှေကလာခဲ့ပြီးတော့ ပွဲပေါင်း၂၀၀ ကျော်ကစားပေးခဲ့ကာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်ဖလားတစ်ကြိမ်၊ ယူရိုပါလိဂ်ဖလားတစ်ကြိမ်နဲ့ အက်ဖ်အေဖလားတို့ကို ပက်ဒရိုက ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းရဲ့အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် လမ်းပတ်လက်ထက်မှာတော့ ပက်ဒရိုရဲ့ အခန်းကဏ္ဍက လျော့ပါးလာခဲ့ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၈ ပွဲသာ ကစားပေးထားနိုင်ခဲ့ပြီး ၂ဂိုးသွင်းကာ ၃ ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ 


Author


က္က