နောက်ခံလူတစ်ဦးကိုလည်း ထပ်ခေါ်အုံးမယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

ဆန်ဂျစ်အန်ဒါကို ကနဦး အငှားနဲ့ ပေါင်၂.၇သန်းပေးပြီး ခေါ်ရမှာ ဖြစ်ပေမယ့် လာမယ့်နှစ်မှာတော့ ၂၁.၉သန်းကို ဆက်လက်ပေးချေကာ အပြီးသတ်ခေါ်ယူရမှာပါ။

လက်စတာအသင်းဟာ ရိုးမားအသင်းရဲ့ တောင်ပံ ကစားသမား ဆန်ဂျစ်အန်ဒါကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီ မှုရရှိခဲ့ပြီး အပြီးသတ် ခေါ်ယူလိုပါက ပေါင် ၂၄.၆သန်း ပေးချေရမယ်လို့ သိရပါတယ်။

ယခုနှစ်အတွက် အငှားခေါ်ယူခအနေနဲ့ ကနဦး ပေါင် ၂.၇သန်းကို ဦးစွာ ပေးချေရမှာ ဖြစ်ပြီး လာမယ့်နွေရာသီမှာ တော့ လက်ကျန် ၂၁.၉သန်းကို ဆက်လက်ပေးချေရမယ်လို့လည်း Daily Mail က ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အသက် ၂၃နှစ်အရွယ်သာ ရှိသေးတဲ့ အဆိုပါ တူရကီတောင်ပံ ကစားသမားဟာ ဆေးစစ်မှု ခံယူဖို့ အတွက် အင်္ဂလန်ကို လာနေပြီလို့လည်း ဆိုပါတယ်။

အခုလို တောင်ပံ ကစားသမားကို ခေါ်ယူရတာကတော့ နည်းပြ ရော်ဂျာအနေနဲ့ ဂိုးရဖို့အတွက် အသက် ၃၄နှစ် အရွယ် ဗာဒီတစ်ဦးတည်းကို ဦးတည်ကစားနေတာမျိုးထက် တောင်ပံတွေကနေလည်း ဂိုးတွေ၊ဖန်တီးမှုတွေ ပိုမို လုပ်ဆောင်နိုင်ဖို့ရည်ရွယ်ပြီး ခေါ်ယူရခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

အန်ဒါကတော့ လက်စတာအတွက် ဒီရာသီ ဒုတိယမြောက် ကစားသမားခေါ်ယူမှု ဖြစ်လာတော့မှာ ဖြစ်ပြီး လက်စ တာအသင်းအနေနဲ့ ပထမဆုံး ကစားသမးခေါ်ယူမှုအဖြစ် ချဲလ်ဆီးကို ထွက်ခွာသွားတဲ့ ဘန်ချီဝဲလ်နေရာမှာ အစား ထိုးဖို့ အတ္တလန္တာက တီမိုသီကတ်စ်တိန်းကို ပေါင် ၂၂သန်းနဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း ဗဟိုခံစစ်မှူး တစ်ဦးကို ထပ်မံအားဖြည့်ဖို့ ရော်ဂါက လုပ်ဆောင်နေပြီး စိန့်အက်စ်တီ ယန်အသင်းက ဝေစလေဖိုဖာနာကို ပေါင် ၂၇သန်းနဲ့ အရခေါ်နိုင်ဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က