ကိုလာရော့ဗ်ကတော့့ ၂၀၁၇ခုနှစ်က မန်စီးတီးကနေ ရိုးမားကို ပြောင်းလာသူပါ။

ကိုလာရော့ဗ်ဟာ ၂၀၁၇ခုနှစ်က မန်စီးတီးကနေ ရိုးမားကို ‌ပြောင်းရွှေ့လာပြီး အသင်းနဲ့အတူ ၁၃၂ပွဲ ကစားကာ ၁၉ ဂိုးထိသွင်းယူပေးနိုင်ခဲ့တဲ့ ဘယ်‌နောက်ခံလူ တစ်ဦးဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ရိုးမားအသင်းရဲ့ ဘယ်‌နောက်ခံလူ ကိုလာရော့ဗ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁.၃၅သန်းနဲ့ ခေါ်ယူ စာချုပ်နိုင်ခဲ့ပြီလို့ တရားဝင် သတင်းထုတ်ပြန်ကြေညာလာခဲ့ပါတယ်။



စာချုပ်မှာတော့ မန်စီးတီး နောက်ခံလူဟောင်းဟာ ဖြစ်နိုင်ချေ အပိုဆုကြေး ယူရို ၅သိန်း ရရှိဖို့ ပါရှိတယ်လို့လည်း သိရပါတယ်။

ဆားဘီးယားနောက်ခံလူကိုလာရော့ဗ်ကတော့ မန်စီးတီးကနေ ၂၀၁၇ခုနှစ်က ရိုးမားအသင်းထံ ပြောင်းရွှေ့လာခဲ့ ပြီး ပွဲပေါင်း ၁၃၂ပွဲမှာ သွင်းဂိုးက ၁၉ဂိုးထိ သွင်းပေးနိုင်ခဲ့တဲ့ နောက်ခံလူ ဖြစ်ပါတယ်။

အသက် ၃၄နှစ်ရှိပြီ ဖြစ်တဲ့ မန်စီးတီး ကစားသမားဟောင်းဟာ အီတီဟတ်မှာ ရှိစဥ်က ပရီးမီးယားလိဂ်ဆုဖလား ကို ၂ကြိမ်နဲ့အက်ဖ်အေဖလား တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခုတစ်ကြိမ် အင်တာမီလန်နဲ့ ချုပ်ဆိုတဲ့ စာချုပ်ရဲ့ စာချုပ်သက်တမ်း၊ပြောင်းရွှေ့ကြေး အတိအကျနဲ့ အပိုဆုကြေး ခံစားခွင့် အတိအကျကိုမူ ထုတ်ပြန်ပေးလာခြင်း မရှိပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က