ဟမ်းမဲလ်၊ လီဝန်ဒေါစကီးနဲ့ ဂေါ့ဇီတို့ကို ထွက်ခွင့်ပေးခဲ့ရဖူးပါတယ်။
Pyae Phyo Thein

လီဝန်ဒေါစကီး၊ ဂေ့ါဇီ နဲ့ ဟမ်းမဲလ်တို့လို နာမည်ကျော်ကစားသမားတွေကို ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဓိကပြိုင်ဘက်အသင်းကြီးဆီ ထွက်ခွာခွင့်ပေးခဲ့ရတဲ့အပေါ်မှာ ဒေါ့မွန်က သင်ခန်းစာယူပြီး ဆန်ချိုကို လုံးဝမရောင်းချသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ 


ဒေါ့မွန်အသင်းဟာ သူတို့အသင်းရဲ့တောင်ပံကစားသမားဆန်ချိုကို ဘို်င်ယန်မြူးနစ်အသင်းဆီ လုံးဝရောင်းချမသွားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဆန်ချိုကြောင့် လိဂ်ရဲ့အဓိကပြိုင်ဘက်အသင်းကို ပိုမိုအင်အားတောင့်တင်းသွားစေမယ့် လုပ်ရပ်မျိုးကို နောက်ထပ်တစ်ကြိမ်ထပ်မံပြုလုပ်တော့မှာမဟုတ်ဖို့အတွက် ဒေါ့မွန်က သတိပြုနေပြီလည်းဖြစ်ပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်နဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး မှန်ကန်တဲ့ကမ်းလှမ်းမှုရရှိပါက အသင်းကနေထွက်ခွာနိုင်တယ်ဆိုတဲ့ သဘောတူညီချက်ရရှိထားသူလည်းဖြစ်ပါတယ်။ လက်ရှိမှာ သူ့ကို အင်္ဂလန်ကလပ်အသင်းတွေနဲ့ စပိန်ထိပ်သီးနှစ်သင်းက စိတ်ဝင်စားနေပြီး ဒေါ့မွန်ကတော့ အသက် ၂၀ အရွယ်ကစားသမားအတွက် ပေါင်သန်း ၁၀၀ အထိရရှိမယ်လို့ ယုံကြည်နေပါတယ်။ 

ESPN ရဲ့ ဖော်ပြချက်အရ ဆန်ချိုကို ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားမှုတွေရှိနေပြီး မန်စီးတီးကစားသမားဆာနေးကို ခေါ်ယူဖို့အဆင်မပြေခဲ့့ပါက ဆန်ချိုကိုကြိုးစားသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လီဝန်ဒေါစကီး၊ ဂေ့ါဇီ နဲ့ ဟမ်းမဲလ်တို့လို နာမည်ကျော်ကစားသမားတွေကို ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဓိကပြိုင်ဘက်အသင်းကြီးဆီ ထွက်ခွာခွင့်ပေးခဲ့ရတဲ့အပေါ်မှာ ဒေါ့မွန်က သင်ခန်းစာယူပြီး ဆန်ချိုကို လုံးဝမရောင်းချသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ 

ဒေါ့မွန်ကတော့ ဘွန်ဒက်လီဂါမှာ ဘိုင်ယန်မြူးနစ်ကို ပခုံးချင်းယှဉ်နိုင်တဲ့ တစ်ခုတည်းသောအသင်းအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့အကောင်းဆုံးကစားသမားတွေကို ဘိုင်ယန်မြူးနစ်ကရရှိအောင် ကြိုးစားခဲ့ပြီး အင်အားတောင့်တင်းသွားခဲ့သလို ဒေါ့မွန်ကတော့ အင်အားနည်းပါးသွားခဲ့ကာ ဘိုင်ယန်မြူးနစ်ရဲ့ ချယ်လှယ်မှုတွေကို ခံခဲ့ရပြီး အမြဲတစေ ဘိုင်ယန်ရဲ့နောက်မှာသာ ရပ်တည်ခဲ့ရပါတယ်။ 

ဒါကြောင့် ဆန်ချိုရဲ့ အပြောင်းအရွှေ့မှာ ရောင်းထုတ်ခဲ့ရမယ်ဆိုရင်လည်း အခြားသောလိဂ်ကအသင်းတွေဆီသာ ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့အသင်းကတော့ မန်ချက်စတာယူနို်က်တက်အသင်းဖြစ်ပြီး ကစားသမားအနေနဲ့ လီဗာပူးလ်၊ ချယ်လ်ဆီး၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့ကို ရွေးချယ်နိုင်မယ့် အခွင့်အရေးလည်းရှိနေပါတယ်။


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က