အသက် (၃၆) နှစ်အရွယ် ရှိနေပြီ ဖြစ်ပါတယ်။

ကာတာကလပ်အသင်းတချို့ နဲ့ သြစတြေးလျကလပ်တချို့က ရီဘာရီကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့လည်း သတင်းများထွက်ပေါ်နေပြီး ရီဘာရီအနေနဲ့ ဥရောပမှာပဲ ဆက်လက်ကစားမလား၊ အာရှဘက်ကို ကူးပြောင်းမလားဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာခဲ့တဲ့ တောင်ပံကစားသမား ရီဘာရီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်တန်းတက်အသင်းတစ်သင်းဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်အသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဂျာမနီနာမည်ကျော်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ သိရှိရတာဖြစ်ပြီး ရီဘာရီကို ရှက်ဖီးက အလေးထားကြိုးစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ရီဘာရီဟာ ဘိုင်ယန်မြူးနစ်မှာ (၁၂)နှစ်ကြာ ကစားပေးခဲ့သူဖြစ်ပြီး အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ဘိုင်ယန်အတွက် နောက်ဆုံးရာသီမှာလည်း ဘွန်ဒက်လီဂါအမှတ်ပေးဖလား နဲ့ ဂျာမန်ပိုကယ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းကို အောင်မြင်မှုတွေနဲ့ နှုတ်ဆက်နိုင်ခဲ့ပါတယ်။ အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့် ရီဘာရီက ဘောလုံးဆက်ကစားသွားမယ်လို့ ပြောကြားထားသူလည်း ဖြစ်ပါတယ်။

ကာတာကလပ်အသင်းတချို့ နဲ့ သြစတြေးလျကလပ်တချို့က ရီဘာရီကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့လည်း သတင်းများထွက်ပေါ်နေပြီး ရီဘာရီအနေနဲ့ ဥရောပမှာပဲ ဆက်လက်ကစားမလား၊ အာရှဘက်ကို ကူးပြောင်းမလားဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟောင်းလည်းဖြစ်တဲ့ ရီဘာရီဟာ ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားတစ်ဦးအဖြစ် နာမည်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းကလည်း တန်းပြန်တက်လာတဲ့အချိန်မှာ အသင်းလူစာရင်းပိုင်းတောင့်တင်းဖို့ အတွေ့အကြုံရင့်ကျက်တဲ့ ရီဘာရီကို ကမ်းလှမ်းမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရီဘာရီကတော့ ဥရောပထိပ်တန်းကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတယ်လို့ သိရပြီး ထိပ်တန်းအဆင့်မှာ ကစားနိုင်သေးကြောင်း သက်သေပြချင်နေပါတယ်။

ရီဘာရီနဲ့အတူ အခြားသော တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ အာယန်ရော်ဘင်ကလည်း ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခဲ့ပါတယ်။ ရော်ဘင်ကိုလည်း မေဂျာလိဂ်ကလပ်တချို့ နဲ့ တရုတ်စူပါလိဂ်ဘက်က ကမ်းလှမ်းထားတယ်လို့ သိရပြီး ဝါရင့်တောင်ပံကစားသမားနှစ်ဦးရဲ့ အနာဂတ်က ဘယ်လိဂ်တွေမှာ ဆက်လက်ရှိနေမလဲဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။



က္က