အသက် ၂၉ နှစ်အရွယ် စပိန်ကွင်းလယ်လူဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။
ကွင်းလယ်လူသီယာဂိုအယ်လ်ကန်တာရာဟာ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့စီအီးအိုရူမင်နစ်ဂီက အတည်ပြုပြောဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် စပိန်ကွင်းလယ်လူဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။
အခုအခါအမှာတော့ ဘိုင်ယန်ဘက်က အတည်ပြုလိုက်တာဖြစ်ပြီး နည်းပြဟန်ဆီဖလစ်ကတော့ သီယာဂိုကိုအသင်းမှာ ဆက်လက်ရှိနေစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သီယာဂိုကို ခေါ်ယူနိုင်ဖို့အတွက် ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးလ်က ရေပန်းစားနေပြီး လီဗာပူးလ်နည်းပြကလော့ပ်ဟာ သီယာဂိုရဲ့ ပရိသတ်တစ်ဦးလို့ ယုံကြည်ရကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
ဘိုင်ယန်နဲ့ သီယာဂိုတို့ဟာ ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားကို အလွတ်ထွက်ခွာခွင့်တော့ပေးမှာမဟုတ်ဘူးလို့ ရူမင်နစ်ဂီက ပြောဆိုခဲ့ပါတယ်။ "သူကကွင်းတွင်းကွင်းပြင် ကောင်းမွန်တဲ့ကစားသမားတစ်ဦးပါ၊ သူနဲ့တွေ့ဆုံပြီးတော့ သူ့ရဲ့ဆန္ဒတွေအားလုံးကို ညှိနှိုင်းသွားမှာပါ၊ ဒါပေမယ့် သူ အသင်းကထွက်ခွာချင်နေပါတယ်၊ သူ့ရဲ့ကစားသမားဘဝကို အသစ်တစ်ခုခုနဲ့ အဆုံးသတ်ချင်နေတာပါ"
Sky Sport Italia ရဲ့ သတင်းထောက် ဖာဘရီဇီယိုရိုမန်နိုကတော့ သီယာဂိုဟာ အန်ဖီးလ်ကို ပြောင်းရွှေ့ချင်နေပြီး လီဗာပူးလ်ကလည်း စိတ်ဝင်စားနိုင်တယ်လို့ သူ့ရဲ့တွစ်တာအကောင့်ကနေ ရေးသားပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း သီယာဂိုအနေနဲ့ ဆန္ဒရှိတယ်ဆိုပါက အသင်းဟောင်းဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ရင်လည်း ကြိုဆိုခံရလိမ့်မယ်လို့ သတင်းတွေက ဆိုခဲ့ပါတယ်။