အငှားနဲ့ပြောင်းရွှေ့မယ်လို့ သိရပါတယ်။

ဘောလုံးသတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမန်နိုရဲ့ တွစ်တာမှာ ဖော်ပြခဲ့မှုကို ပြန်လည်ဖော်ပြခဲ့တာဖြစ်ပြီး တောင်ပံကစားသမားဟာ မြူးနစ်ကို ရောက်ရှိဖို့ တော်တော်လေးနီးစပ်နေခဲ့ပြီဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ တောင်ပံကစားသမား ပါရီဆစ်အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ Bleacher Report က ဖော်ပြသွားခဲ့ပါတယ်။ ဘောလုံးသတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမန်နိုရဲ့ တွစ်တာမှာ ဖော်ပြခဲ့မှုကို ပြန်လည်ဖော်ပြခဲ့တာဖြစ်ပြီး တောင်ပံကစားသမားဟာ မြူးနစ်ကို ရောက်ရှိဖို့ တော်တော်လေးနီးစပ်နေခဲ့ပြီဖြစ်ပါတယ်။


Sky Sport Italia ကလည်း ပါရီဆစ်အတွက် အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ခရိုအေးရှားတိုက်စစ်ကစားသမားဟာ ဗလန်စီယာနဲ့ စပိန်မှာ ကစားသွားမယ့် အသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့ပဲ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့အတွက် စီစဉ်ဆောင်ရွက်နေဖွယ်ရှိတယ်လို့ သိရပါတယ်။

အာဂျန်ရော်ဘင် နဲ့ ရီဘာရီတို့ ထွက်ခွာသွားခဲ့တဲ့ တောင်ပံတိုက်စစ်နေရာအတွက် ဘိုင်ယန်မြူးနစ်က မန်စီးတီးတောင်ပံကစားသမား ဆာနေးကို ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း မန်စီးတီးက ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့မဖြစ်ပေါ်ခဲ့ပါဘူး။ ဒီအတွက် ပါရီဆစ်ကို ဘိုင်ယန်က ကြိုးစားခဲ့ပြီး သဘောတူညီမှု ရယူခဲ့တာဖြစ်ပါတယ်။

အသက် (၃၀)အရွယ် ပါရီဆစ်ဟာ အင်တာမီလန်အတွက် ပြိုင်ပွဲစုံ (၁၆၃)ပွဲအထိ ကစားပေးခဲ့ပြီး သွင်းဂိုး (၄၀) နဲ့ ဂိုးဖန်တီးမှု ၃၇ကြိမ် ပြုလုပ်ပေးနိုငခဲ့ပါတယ်။ အန်တိုနီယိုကွန်တီကက လာမယ့်ရာသီအတွက် သူ့အသင်းမှာ ပါရီဆစ်က အံ့ဝင်မှာမဟုတ်ဘူးလို့ ယူဆထားပြီး ပြန်လည်ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အတွေ့အကြုံရင့် ဝါရင့်တောင်ပံကစားသမားဟာ ခရိုအေးရှားကစားသမားတွေ အောင်မြင်မှုရလေ့ရှိတဲ့ ဂျာမနီကလပ်ကို ပြောင်းရွှေ့နိုင်မှာဖြစ်လို့ ဆုဖလားဆွတ်ခူးနိုင်ဖို့ မျှော်လင့်နိုင်ပြီလည်း ဖြစ်ပါတယ်။ လက်ရှိဘိုင်ယန်နည်းပြကလည်း ခရိုအေးရှားလူမျိုး နီကိုကိုဗက်ဖြစ်ပြီး ဘိုင်ယန်ကို ပြီးခဲ့တဲ့ရာသီက ပြည်တွင်းဖလား (၂)လုံး ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က