ဘိုင်ယန်က အနည်းဆုံး ယူရို သန်း ၃၀ အလိုရှိတယ်လို့ သိရပါတယ်၊။

စပိန်မှာ အနားယူ အပန်းဖြေလျက်ရှိတဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာနဲ့ လီဗာပူးအသင်း ကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီလို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

သတင်းဖော်ပြချက်အရ သီယာဂိုလ်အနေနဲ့လည်း လီဗာပူးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်အသင်းက လည်း သူတို့ ကစားသမားအတွက် အနည်းဆုံး ယူရို သန်း ၃၀ အလိုရှိနေတယ်လို့ သိရပါတယ်။



တဆက်တည်းမှာပဲ ဂျာမန် သတင်းဌာနတစ်ခုကလည်း သီယာဂိုလ်အနေနဲ့ လာမယ့်အပတ်အထိ ဘိုင်ယန်နဲ့ လေ့ကျင့်ခန်း ပြန်ဆင်းဖို့ အကြောင်းကြားလာဟန်မရှိပဲ အနာဂတ်အတွက် စဥ်းစားဖို့ ရှိနေတယ်လို့ ဖော်ပြနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပေမယ့်လည်း သီယာဂိုလ် အနေနဲ့ အသင်းနဲ့ ပူးပေါင်းလာခြင်း မရှိသေးပဲ ဘာစီလိုနာမှာ မိသားစုနဲ့ အပန်းဖြေနေတဲ့ ပုံရိပ်တွေက အသင်းပြောင်းမယ့် သတင်းတွေအပေါ် ပိုမို ခိုင်မာနေစေပါတယ်။

သီယာဂိုလ်ရဲ့ အနာဂတ်က ဝစ်ဂျ်နယ်ဒန်အပေါ်မှာ မှီတည်နေတယ်လို့လည်း သတင်းတွေက ဖော်ပြလာပါတယ်။အ ကြောင်းကတော့ ဘာစီလိုနာက အလိုရှိနေပြီး လီဗာပူး‌‌တောင်းတဲ့ စျေးအတိုင်း ပေးချေလိုက်ပါက သီယာဂိုလ် လီဗာပူး သွားမယ့် ကိစ္စက ရှင်းသွားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က