ဘိုင်ယန်တောင်းဆိုတဲ့ ယူရိုသန်း ၃ဝကို ပေးချေသွားမှာပါ။
Pyae Phyo Thein

လီဗာပူးလ်က ဘိုင်ယန်တောင်းဆိုထားတဲ့အတိုင်း ပေးချေဖို့ ဆောင်ရွက်ခဲ့ပြီး မကြာခင်မှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မယ်လို့လည်း သိရပါတယ်။


လီဗာပူးလ်အသင်းဟာ စပိန်ကွင်းလယ်လူသီယာဂိုအတွက် ဘိုင်ယန်မြူးနစ်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးယူရိုသန်း ၃၀ ကို ပေးချေဖို့ သဘောတူညီခဲ့ပြီလို့ သိရပါတယ်။ ကလပ်အသင်းနှစ်သင်းကြား ညှိနှိုင်းမှုတွေအဆင်ပြေခဲ့ပြီးနောက် လာမယ့်နာရီအနညး်ငယ်အတွင်းမှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးညှိနှိုင်းမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။

နာမည်ကျော်အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြခဲ့တာဖြစ်ပြီး ကလော့ပ်က သီယာဂိုကိုခေါ်ယူဖို့ အသင်းကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီနောက်မှာ လီဗာပူးလ်က ဘိုင်ယန်တောင်းဆိုထားတဲ့အတိုင်း ပေးချေဖို့ ဆောင်ရွက်ခဲ့ပြီး မကြာခင်မှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မယ်လို့လည်း သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် စပိန်ကွင်းလယ်လူဟာ ဘိုင်ယန်က ထွက်ခွာမယ်လို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ သူ့ကိုခေါ်ယူဖို့ ယူနိုက်တက် နဲ့ လီဗာပူးလ်တို့က ရေပန်းအစားဆုံးဖြစ်နေခဲ့ပြီး အခုအခါမှာ လီဗာပူးလ်ကို အမှန်တကယ်ပြောင်းရွှေ့နိုင်တော့မှာဖြစ်တယ်လို့လည်း The Athletic UK ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ရိုမန်နိုက ပြန်လည်ဖော်ပြခဲ့ပါတယ်။ 

သီယာဂိုကတော့ ဘာစီလိုနာအကယ်ဒမီကထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဘာကာမှာ ပုံမှန်ကစားခွင့်မရတဲ့နောက် ဘိုင်ယန်ကိုပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဘိုင်ယန်မှာတော့ အဓိကကစားသမားအဖြစ်နဲ့ ခြေစွမ်းပြခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဖလားသုံးလုံးတစ်ပြိုင်တည်းဆွတ်ခူးမှုနဲ့အတူ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ 


Author


က္က