ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးညှိနှိုင်းရတော့မှာပါ။
Pyae Phyo Thein

ဘိုင်ယန်မြူးနစ်ကတော့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူအတွက် ယူရိုသန်း ၄ဝအထိ အလိုရှိနေပြီး လီဗာပူးလ်ဘက်ကတော့ ယူရို၂၅သန်းသာ ပေးချေချင်နေပါတယ်။


လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်လူသီယာဂိုအယ်လ်ကန်တာရာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ဂျာမနီသတင်းစာ Bild ရဲ့ သတင်းထောက်ဖြစ်သူ ခရစ်ဝီလီယမ်က ဖော်ပြခဲ့တာဖြစ်ပြီး အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာရှိတော့တယ်လို့ ဆိုပါတယ်။ 

ဘိုင်ယန်မြူးနစ်ကတော့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူအတွက် ယူရိုသန်း ၄ဝအထိ အလိုရှိနေပြီး လီဗာပူးလ်ဘက်ကတော့ ယူရို၂၅သန်းသာ ပေးချေချင်နေပါတယ်။ ဒီအတွက်ကြောင့် ညှိနှိုင်းဖို့အတွက် ဆွေးနွေးရတော့မှာဖြစ်ကာ သဘောတူညီမှုရရှိခဲ့ပါက အပြောင်းအရွှေ့ကို တရားဝင်ကြေညာသွားတော့မှာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းကတော့ ကွင်းလယ်ပိုင်းမှာ ဖန်တီးပေးနိုင်စွမ်းမြင့်မားပြီး တိုက်စစ်လမ်းကြောင်းထဲကို ဘောလုံးပေးပို့နိုင်တဲ့ ကစားသမားလိုအပ်နေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် သီယာဂိုကို ကလော့ပ်က မျက်စိကျနေခဲ့ပြီး စပိန်ကွင်းလယ်လူရဲ့ ခြေစွမ်းက အသင်းအတွက် အားထားရလိမ့်မယ်လို့ ယုံကြည်နေကာ ခေါ်ယူဖို့အတွက် သူကိုယ်တိုင်ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

သီယာဂိုကလည်း ကစားသမားဘဝအကောင်းဆုံးအချိန်တွေ မကုန်ဆုံးခင်မှာ အခြားသောလိဂ်တစ်ခုက နာမည်ကြီးကလပ်အသင်းတစ်ခုမှာ ကစားချင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် လီဗာပူးလ်ဘက်က ကမ်းလှမ်းခဲ့မှုကို လက်ခံသွားဖို့ရှိနေခဲ့ပြီး ဘိုင်ယန်ကလည်း သူတို့ကစားသမားက အသင်းကထွက်ခွာချင်နေတယ်လို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ 


Author


က္က