ယခုရာသီကုန်မှာ ရီးရဲကို ပြန်သွားချင်တယ်လို့ ပြောခဲ့သူပါ။

အာဆင်နယ်အသင်းဟာ ရီးရဲမက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ စပိန်ကွင်းလယ်ကြယ်ပွင့် ဆီဘယ်လော့စ်ကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီးနောက် ရီးရဲမက်ဒရစ်အသင်းက ဆီဘယ်လော့စ်အတွက် ပေါင်သန်း ၃၀ သတ်မှတ်လိုက်တယ်လို့ metro ရဲ့သတင်းအရ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲမက်ဒရစ်ကြယ်ပွင့် ဆီဘယ်လော့စ်ကို အပြီးသတ်ခေါ်ယူလိုနေတာဖြစ်ပြီး ဆီဘယ်လော့စ်ကလည်း ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွင်း ရီးရဲမက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။



ရီးရဲမက်ဒရစ်ဥက္ကဌ ပီးရက်ဇ်က နည်းပြ ဇီဒန်း တာဝန်ယူနေတဲ့ကာလမှာ ဆီဘယ်လော့စ်ဟာ လိုအပ်ချက်ထက် ပိုလျှံနေတဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီဘယ်လော့စ်ဟာ လက်ရှိအချိန်မှာ အသင်းကနေ ထွက်ခွာချင်နေပြီလို့ သိရပါတယ်။

ဆီဘယ်လော့စ်ဟာ ယခုရာသီကုန်မှာ ရီးရဲမက်ဒရစ်အသင်းကို ပြန်သွားချင်တယ်လို့ ပြောကြားခဲ့သူဖြစ်ပေမယ့် El Desmarque ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းက ဆီဘယ်လော့စ်အတွက် ရီးရဲမက်ဒရစ်အသင်းကို ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းက ဆီဘယ်လော့စ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ရီးရဲမက်ဒရစ်အသင်းကို နောက်ထပ် ပေါင် ၂၆ သန်းပေးချေဖို့ ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲမက်ဒရစ်ဥက္ကဌ ပီးရက်ဇ်က ယင်းပမာဏကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ အမ်းမရိတ်မှာ ဆက်လက်ပြီး အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်မယ်ဆိုရင် ယခုထက်ပြောင်းရွှေ့ကြေး ပိုမိုမြင့်တက်လာနိုင်တဲ့ ဆီဘယ်လော့စ်အတွက် အနည်းဆုံး ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၃၀ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။



က္က