loading...

loading...

loading...

ပေါ့ဂ်ဘာနဲ့ရီးရဲလ်အပြောင်းအရွှေ့အတွက် ရွိုင်အိုလာ လှုပ်ရှားနေပါပြီ။
Pyae Phyo Thein

ကြာသပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရအပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

- အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဆောလ်နီဂွက်ဇ်ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဆောလ်ကို မန်စီးတီး၊ ယူနိုက်တက် နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေပြီးတော့ ကစားသမားနဲ့ ကလပ်အသင်းကြား စာချုပ်လျော်ကြေးတန်ဖိုးဟာ ပေါင်သန်း (၁၃၀)အထိ ရှိတယ်လို့လည်း Mirror က ဖော်ပြခဲ့ပါတယ်။

- ဝက်စ်ဟမ်းအသင်းဟာ ဇာဘလက်တာရဲ့နေရာမှာအစားထိုးဖို့ လီဗာပူးလ်နောက်ခံလူ ကလိုင်းကို စိတ်ဝင်စားနေပါတယ်။ ဘုန်းမောက်မှာ အငှားနဲ့ ကစားနေတဲ့ အသက် (၂၈)နှစ်အရွယ် ကလိုင်းဟာ လီဗာပူးလ်မှာ ပုံမှန်ကစားခွင့်ရရှိဖို့ မသေချာတဲ့သူ ဖြစ်ပြီး သူကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ဖို့ နိးစပ်နေတယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။

- ပေါ့ဂ်ဘာရဲ့ အေးဂျင့် ရွိုင်အိုလာက သူ့ရဲ့ ကစားသမားအပြောင်းအရွှေ့အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ပြင်သစ်သတင်းဌာန Le10Sport ရဲ့ ဖော်ပြချက်အရ ဒိအပြောင်းအရွှွေ့ကနေ ရွိုင်အိုလာက ယူရို (၁၈)သန်းခန့်အထိ အကျိုးအမြတ်ရရှိဖွယ် ရှိနေပြီး ပေါ့ဂ်ဘာဟာလည်း ရီးရဲလ်ရဲ့ လစာအများဆုံးကစားသမား (၃)ဦးစာရင်းကို ဝင်ရောက်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

- စီးရီးအေကလပ် နာပိုလီအသင်းဟာ ရီးရဲလ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို စိတ်ဝင်စားနေပါတယ်။ ဘိုင်ယန်မှာ အငှားကစားခဲ့တဲ့ သက်တမ်းကာလ (၂)နှစ် ကုန်ဆုံးတော့မယ့် ဂျိမ်းစ်ကို ဘိုင်ယန်က အပြီးသတ်ခေါ်ယူမှာ မဟုတ်ပဲ ရီးရဲလ်ကလည်း အပြီးသတ်ရောင်းချဖို့အတွက် ဆန္ဒရှိနေခဲ့လို့ နာပိုလီက စိတ်ဝင်စားလာတာပါ။ နာပိုလီမှာ ရီးရဲလ်နည်းပြဟောင်း အန်ဆယ်လော့တီနဲ့ ဂျိမ်းစ်တို့ ပြန်လည်လက်တွဲရဖွယ်ရှိနေတယ်လို့ ကစားသမားရဲ့ဖခင်ဖြစ်သူက ပြောဆိုသွားခဲ့ပါတယ်။


loading...

က္က