loading...

loading...

loading...

ရက်ရှ်ဖို့ဒ်က စာချုပ်သစ်ကိစ္စကို အချိန်ဆွဲနေပါတယ်။
Pyae Phyo Thein

ကြာသပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရအပြောင်းအရွှေ့သတင်းများကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

- ဘိုင်ယန်မြူးနစ်အသင်းဟာ ပေါ်တူဂီကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို အငှားချဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။ စပိန်သတင်းစာ Sport ရဲ့ ဖော်ပြချက်အရ ဆန်းချက်စ်ကို ခေါ်ယူဖို့ ကလပ်အသင်းတချို့က စိတ်ဝင်စားနေပြီး ဘိုင်ယန်ကလည်း အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ကွင်းလယ်လူကို ပွဲကစားခွင့်ပိုမိုရရှိစေဖို့ အငှားချသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

- အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပေါ်တိုနောက်ခံလူ အဲလက်စ်တဲလက်စ်ကို ပေါင် (၃၅)သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် နောက်ခံကစားသမားဟာ ၂၀၁၆ မှာ ဂါလာတာစာရေးကနေ ပေါ်တိုကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခြေစွမ်းပြကစားနေသူ ဖြစ်ပါတယ်။ ဘယ်နောက်ခံလူ တဲလက်စ်အပြင် အေဂျက်ဇ်က တယ်ဂလီယာဖီကိုကိုလည်း အက်သလက်က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

- ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ကို အချိန်ဆွဲနေတယ်လို့ Daily Mail က ရေးသားဖော်ပြခဲ့ပါတယ်။ ရက်ရှ်ဖို့ကို (၅)နှစ်စာချုပ်နဲ့ ယူနိုက်တက်က ကမ်းလှမ်းထားပြီး ပေါင်သန်း (၇၀)ကျော်အထိ ရက်ရှ်ဖို့ဒ်က ရရှိမယ့် စာချုပ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ တိုက်စစ်မှူးက စာချုပ်သစ်အတွက် အခုချိန်ထိ မတုံ့ပြန်သေးဘူးလို့ သိရပါတယ်။

- တော့တင်ဟမ်အသင်းဟာ ဆဲလ်တာဗီဂိုတိုက်စစ်မှူး မက်ဇီဂိုမက်ဇ် နဲ့ လာဇီယိုနောက်ခံလူ လူးဝစ္စဖီလစ်ပီတို့ကို စိတ်ဝင်စားနေပါတယ်။ Daily Mirror ရဲ့ ဖော်ပြချက်အရ တိုက်စစ်မှူးအသစ် တစ်ဦးခေါ်ယူဖို့ လန်ဒန်ကလပ်က ပြင်ဆင်နေပြီး ဟယ်ရီကိန်းနေရာမှာ အရန်သင့်အစားထိုးနိုင်အောင် ပြင်ဆင်နေတာလို့ သိရပါတယ်။ အသက် (၂၂)အရွယ်ဂိုမက်ဇ်ဟာ ဆယ်လ်တာအတွက် ဒီရာသိမှာ (၁၁)ဂိုး သွင်းယူထားပါတယ်။ ဖိလစ်ပီကိုတော့ အယ်လ်ဒါဝီရယ်နေရာအတွက် စပါးက ချိန်ရွယ်နေတာ ဖြစ်ပါတယ်။


loading...

က္က