ပေါင်သန်း ၁၁၀ အထိ တောင်းဆိုထားပါတယ်။
Pyae Phyo Thein

အသက် ၂၀ အရွယ်ကစားသမားဟာ ဒီနေ့မှာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနေပြီဖြစ်ပြီး ရာသီသစ်အတွက် လေ့ကျင့်မှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။ 


ယူနိုက်တက်အနေနဲ့ ဆန်ချိုကို အလိုရှိတယ်ဆိုပါက ၁၃ ရက်အတွင်း ပေါင်သန်း ၁၁၀ နဲ့ ခေါ်ယူဖို့အတွက် ဒေါ့မွန်ဘက်က သတ်မှတ်ပေးခဲ့တယ်လို့သိရပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ဒီနေ့မှာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနေပြီဖြစ်ပြီး ရာသီသစ်အတွက် လေ့ကျင့်မှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။ 

သြဂုတ်လ ၁၀ ရက်နေ့ကို နောက်ဆုံးထားပြီး ဆန်ချိုရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်သွားဖို့ ဒေါ့မွန်က ဆန္ဒရှိနေပြီး အဲဒီနောက်မှာ ရာသီကြိုပြင်ဆင်မှုတွေအတွက် ဆွစ်ဇာလန်ကို ထွက်ခွာမှာဖြစ်ပါတယ်။ အပြောင်းအရွှေ့စျေးကွက်ကတော့ အောက်တိုဘာလ ၅ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ပေမယ့်လည်း ဒေါ့မွန်က ကစားသမားကို အာရုံရှုပ်ထွေးမှုမရှိစေချင်ဘူးလို့ သိရပါတယ်။ 

Daily Mail ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က ဆန်ချိုအတွက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ဒေါ့မွန်က ငြင်းဆန်ထားခဲ့တယ်လို့ သိရပါတယ်။ ဆန်ချိုကို ယူနိုက်တက်က အသည်းအသန်အလိုရှိနေတဲ့အချက်ကို ကိုင်ဆုပ်ကာ ဒေါ့မွန်က သူတို့လိုချင်တဲ့ ပမာဏကိုတောင်းဆိုချင်နေပြီး ယူနိုက်တက်က ပေါင် ၈၉သန်းသာ ပေးချေခဲ့တာဖြစ်ပါတယ်။ 

ဒေါ့မွန်ကတော့ ပေါင်သန်း ၁၁၀ အလိုရှိနေလို့ ပေါင် ၂၂သန်းခန့် ကွာဟနေခဲ့ပါတယ်။ ဒေါ့မွန်ဟာ ဆန်ချိုကို မန်စီးတီးကနေ ခေါ်ယူခဲ့စဉ်က ပေါင် ၈ သန်းသာ ပေးချေခဲ့ရတာဖြစ်ပြီး ဒီအပြောင်းအရွှေ့ကနေ ကြီးမားတဲ့ အကျိုးအမြတ်ကို ခံစားရတော့မှာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှူးတစ်ဦးကိုလည်း ခေါ်ယူချင်နေပြီး ရိုဟို၊ စမောလင်း နဲ့ ဖီးလ်ဂျုံးစ်ကို အသင်းကနေ ရောင်းချသွားဖို့လည်းရှိနေပါတယ်။ 


Author


က္က